Poem

Poem

ကဗျာကဏ္ဍ “လုပ်တိုင်းမြေ”

 

ပျိုးကြဲလက်

 

အာဏာ့ရှင် အနီးအနား

ခစားတဲ့ ကျေးကျွန်တွေ ။

 

မိသားစု ရှင်သန်ရေး

မျှော်တွေးကြလေ ။

 

လူမိုက်နောက်က ခပ်ပေပေ

ဝေလေလေတွေ စစ်ရှုံး ။

 

ကျန်ရစ်သူ အပူခလို့

ဘဝပျောက်ဆုံး ။

 

လူမိုက်ဂုဏ် မာန်ကြွပေါ့

ပြည်အလှ ဖျက်ဆီးပြန် ။

 

ဝသုန္ဓရေ မြေထုကြီးက

တုန်ဟည်းလှုပ်ဟန် ။

 

သဘာဝတရားက လက်မခံ

ပလ္လင်နဲ့မတန် နိမိတ်ပေး ။

 

နောင်ဘဝမှာ အပါယ်ကျမယ့်

အဝီစိဘေး ။

 

ရဟန်းရှင်လူ ပြည်သူအများ

သတ်ထားတဲ့ အကုသိုလ် ။

 

ပြည့်ကျိန်စာ ရင်ဝယ်ခပေါ့

နန်းပျောက်ရကို ။

 

နုတ်ဖျားက ခပ်ချိုချို

မုသားအပိုတွေ မပြောနဲ့ ။

 

နေပြည်တော် စစ်တလင်းက

သေမင်းပျော်ရဲ့ ။ ။

 

ပျိုးကြဲလက်

 

ကဗျာကရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၂၂ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “တိမ်တောက်ချိန်”   ပျိုးကြဲလက်   တော်လှန်ခိုက်မှာဖြင့် စံကိုက်ပါ့အားအင် လူမိုက်ကိုနှင် ပြည်တခွင် ညီနောင်ဘွားရယ်နဲ့ စည်းသားလို့ ရန်ထိုထို မပြိုပြိုအောင် တိုက်ရင်ဖြင့် လူမိုက်တို့ အစုံအလင် အလျှင်အမြန် ပြေးပါဘိတယ်လေး ။   နေညိုရင် တိမ်တောက် ဆိုသလောက်ပင် သူ့အားအင် ဂုဏ်မထွားပေဘု...