Mandalay News

Mandalay News

ချောက်မြို့နယ်၊ စဉ့်ကူရဲစခန်းမှ ထွက်လာသောစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၉

 

မကွေးတိုင်း၊ ချောက်မြို့နယ်၊ စဉ့်ကူရဲစခန်းမှ ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Bagan Bo Cho PDF တပ်ဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂၈ ရက် နံနက် ၅ နာရီ ၃၀ မိနစ်က ချောက်မြို့မှ စဉ့်ကူရဲစခန်းသို့ စစ်ကား ၂ စီးဖြင့် အင်အား ၆၀ ခန့်ရှိလာခဲ့ကြောင်း၊ ယင်းစခန်းမှတဆင့် ညနေ ၅ နာရီတွင် ညောင်ဦးမြို့နယ်၊ တပ်မရေနံမှော် ဘက်သို့ စစ်ကြောင်း ထိုးလာခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲပြီး လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး နေရာမှာပင်သေဆုံးသွားကြောင်း သိရ သည်။

ထိုသို့ သေဆုံးသွားသော စစ်သားအလောင်းများကို နေရာမှာပင် မီးရှို့သင်္ဂြိုလ်ပစ်ခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို Bagan Bo Cho PDF နှင့် မဟာမိတ်တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

Bagan Bo Cho PDF တပ်ဖွဲ့အနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးကို ဆက်လက်အရှိန်မြင့် လုပ် ဆောင်လျက်ရှိနေပြီး မိဘ ပြည်သူများအနေဖြင့် ရဲဘော်များအတွက် ကျည်ဖိုး၊ လက်နက်ဖိုးများ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

တမူးမြို့နယ်၊ ပန်းသာကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၂ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၀   စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်းသာကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Zo Army...