Kha Mauk Kyi News

Kha Mauk Kyi News

ခမောက်ကြီးမြို့နယ်တွင် မြစိမ်းရောင်ချေးငွေများ ပြည်သူကို မပေးဘဲ ပြန်သယ်ဆောင်လာသည့် နာရေးကားတစ်စီးကို ဖမ်းမိ

 

D Day News

ဧပြီလ ၂၇

 

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်တွင် မြစိမ်းရောင်ချေးငွေများ ပြည်သူကို မပေးဘဲ ပြန်သယ်လာသည့် နာရေးကားတစ်စီးကို ဖမ်းမိခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ဧပြီလ ၂၆ ရက် နံနက် ၉ နာရီခွဲခန့်က ခမောက်ကြီးမြို့နယ်၊ အေးချမ်းသာကျေးရွာမှ ထွက်လာသော နာရေးကူညီမှုကားကို ဆိပ်ဖူးကျေးရွာနှင့် အောင်ချမ်းသာကျေးရွာကြားအရောက် မသင်္ကာသဖြင့် ရှောင်တခင်တားဆီးစစ်ဆေးရာ မြစိမ်းရောင်ချေးငွေလုပ်ငန်းမှ ငွေများကို ကျေးရွာနေပြည်သူများ အား ပေးအပ်ခြင်းမရှိပဲ ပြန်လည် သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပြန်သယ်လာသည့် ငွေများကို ခမောက်ကြီးမြို့ အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သို့ ပို့ ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရသဖြင့် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

ထိုသို့ သိမ်းဆည်းရရှိသည့် ငွေကျပ်မည်၍ မည်မျှ သိမ်းဆည်းခဲ့သည်ကိုတော့ ထုတ်ပြန်ချက်တွင် ထည့်သွင်းထားခြင်းမရှိပေ။

 

အဆိုပါ လုပ်ဆောင်မှုသည် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး ဒေသနေမိဘပြည်သူများနှင့်လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း အသိပေးထားသည်။

 

အဆိုပါ သိမ်းဆည်းရရှိငွေသည် ကျပ်သိန်း ၅၀၀ ကျော်ရှိပြီး အကြမ်းဖက်စစ်ကောင်စီထံ ပို့မည်ဟု သိရသဖြင့် သိမ်းဆည်းလိုက်ခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းနှင့် မြစိမ်းရောင်ချေးငွေ ကိုယ်စားလှယ် များကို ပြန်လွှတ်ပေးလိုက်ကြောင်း၊ သိမ်းဆည်းရရှိသော ငွေများအား NUG အစိုးရ၏ လမ်းညွန်ချက် ခံယူကာ ဆက်လက်လုပ်ဆောင်သွားဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ၂၀၂၅ ခုနှစ်၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည်သူ့ရင်ခွင်ထံ ချိတ် ဆက်အလင်းဝင်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ကုန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊...