Magway News

Magway News

ဆင်ပေါင်ဝဲ၊ ဓနုံးမြောင်းဂိတ်မှ ထွက်လာသော စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ဗိုလ်ကြီး ပြည့် ဖြိုးအောင်ပါ ၈ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၇

 

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုံးမြောင်းဂိတ်မှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးပြည့်ဖြိုးအောင်ပါ ၈ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင်အမှတ် ၅ တပ်ရင်းက ထုတ်ပြန်သည်။

 

ဧပြီလ ၂၃ ရက် ညနေ ၄ နာရီခန့်က ဆင်ပေါင်ဝဲမြို့နယ်ဓနုံးမြှောင်ဂိတ်မှ ဗိုလ်ကြီးဖြိုးမောင် ဦး ဆောင်၍ ဝါးစေ့မြှောင်ဂိတ်သို့ ကားဖြင့် တက်လာစဉ် ဝါးစေ့မြှောင် ဂိတ်အနီးအရောက် တော် လှန် ရေးအဖွဲ့များမှ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးဖြိုးမောင်အပါအဝင် ၈ ဦးသေဆုံးပြီး အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားနေစဥ် အနီးအနားရှိ ဝါးစေ့မြှောင်ဂိတ်မှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ် ခတ်တိုက်ခိုက်မှုရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၅ တပ်ရင်း ၊ ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်တွင်းကြီး) ၊ Viper King Column ၊ သရက်ခရိုင် အမှတ် ၁ တပ်ရင်း ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ဗိဿနိုးဿနိုးပြည်သူ့ကာကွယ်ရေးအဖွဲ့(တောင်တွင်းကြီး) ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Kachin State News

Kachin State News

မြစ်ကြီးနားမြို့တွင် မြစ်ရေကြီးနေပြီး ပြည်သူများကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ထားရ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁   ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် မြစ်ရေကြီးနေပြီး ပြည်သူများ ကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေရကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။   ယမန်နေ့ မေလ ၃၁...