CDM News

CDM News

စစ်ကောင်စီတပ်နှင့် PNO အရာရှိများ၏ နှိပ်စက်မှုကို မခံနိုင်သဖြင့် PNO ပြည်သူ့စစ် ၁ ဦး လက် နက်တကွထွက်ပြေးလာပြီး PNLA ထံအလင်းဝင်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၆

 

စစ်ကောင်စီတပ်နှင့် PNO အထက်အရာရှိများ၏ နှိပ်စက်မှုကို မခံနိုင်သဖြင့် PNO ပြည်သူ့စစ် ၁ ဦး လက်နက်နှင့်တကွ ထွက်ပြေးပြီး အလင်းဝင်ခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်သည်။

 

ဧပြီလ ၁၆ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦးသည် စစ်ကောင် စီတပ်နှင့် PNO အထက်လူကြီးဆိုသူများ၏ နှိပ်စက်မှုကို မခံနိုင်သဖြင့် လက်နက်နှင့်တကွ ထွက်ပြေး လာပြီး PNLA တပ်ဖွဲ့ထံ အလင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ လက်နက်နှင့်တကွ အလင်းဝင်ခဲ့သည့် PNO တပ်သားကို ဆုငွေများချီးမြှင့်ကာ ကောင်းမွန်စွာကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ PNO တပ်ထဲမှ ထွက်ပြေးလာသူတွင် အရာရှိများ၏ နှိပ်စက်မှု ဒဏ်ရာ များလည်း ပါရှိလာသဖြင့် PNLO/PNLA တပ်ဖွဲ့မှ ဆေးကုသပေးခဲ့ရသည်ဟု ဆိုသည်။

 

စစ်ကောင်စီ နှင့် PNOပြည်သူ့စစ်များက ကျေးရွာအတွင်းရှိ ပြည်သူများ၏ စည်းစိမ်ပစ္စည်းများကို ခိုးယူခြင်း ဓားပြတိုက်ခြင်း အောက်လက်ငယ်သားများအား ရိုက်နှက်နှိပ်စက်ခြင်း ‌များပြုလုပ်ခဲ့ ကြောင်း ထွက်ပြေးလွတ်မြောက်လာသူ PNO တပ်သားက ထွက်ဆိုထားသည်။

 

ပအိုဝ်းအမျိုးသားအချင်းချင်းသည် ရန်သူမဟုတ်ပဲ စစ်အာဏာရှင်စနစ်သည်သာ ပြည်သူလူထုတရပ် လုံး၏ ရန်သူဖြစ်ကြောင်း PNLA က အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၄   ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ...