Myingyan News

Myingyan News

မြင်းခြံမြို့နယ်၊ လေးအိမ်တန်းရွာ ပျူစောထီးများက ဈေးသည် ဦးဖိုးထူးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ် အလောင်းကို လမ်းဘေး၌ စွန့်ပစ်

 

D Day News

ဧပြီလ ၂၇

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းရွာ ပျူစောထီးများက ဈေးသည် ဦးဖိုးထူးကို ဖမ်းဆီး သတ် ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို လမ်းဘေး၌ စွန့်ပစ်ခဲ့ကြောင်း ဒေသသတင်းရင်မြစ်ထံက သိရ သည်။

 

ဧပြီလ ၂၅ ရက် နံနက်ပိုင်း မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာ ထိပ်၌ ဂိတ်ဖွင့်ထားသော အကြမ်း ဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးများသည် ဒေသအတွင်း လှည့်လည်ဈေးရောင်းချနေသူ အ သက် ၅၀ အရွယ် ဦးဖိုးထူးကို အငြိုးအတေးဖြင့် ဖမ်းဆီးပြီး ရွှေညောင်ပင်ရုံး၌ ရိုက်နှက်သတ်ဖြတ်ခဲ့ ရာ သေဆုံးသွားကြောင်း၊ ထိုသို့ ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးသွားသော ရုပ်အလောင်းကို လေးအိမ်တန်းရွာ – ရွှေကျွန်းသာ လမ်းဘေး ချောက်ထဲ၌ စွန့်ပစ်ခဲ့ကြောင်း သိရသည်။

 

“မဖမ်းခင်အရင်ရက်က အဲဒီလေးအိမ်တန်းရွာထိပ်က ပျူတွေက သူဆီမှာပါလာတဲ့ အရက်ဖာထဲ ကနေ အရက်ပုလင်း ၃ လုံးကို နှုတ်ယူလိုက်တယ်၊ အဲဒါကို သူက စကစခန့် အုပ်ကြီး သင်းသင်းဆွေ ဆီသွားတိုင်တာ၊ အုပ်ကြီး က အဲဒီပျူတွေကို ဆူလို့ ပျူတွေက အငြိုးထားပြီး နောက်ရက်ကျတော့ ဖမ်းပြီး ရိုက်သတ်တာ။ အလောင်းကိုတော့ လေးအိမ်တန်း – ရွှေကျွန်းသာ သွားတဲ့လမ်းဘေးက ချောက် ထဲမှာ ကြိုးတုတ် လျက်နဲ့ထားခဲ့တာ။ ဦးခေါင်းမှာ ဒဏ်ရာတွေ၊ သွေးတွေနဲ့၊ နေ့ခင်း ၂ နာရီ လောက်မှ အလောင်းကို အိမ်ပြန်သယ်ရတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

သေဆုံးသူ ဈေးသည် ဦးဖိုးထူးသည် မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ အင်ကြင်းပင်ရွာ၌ နေထိုင်ပြီး ဒေသအတွင်းရှိ ကျေးရွာများကို လှည့်လည်ကာ ဈေးရောင်းချကာ ရိုးသားစွာဖြင့် မိသား စုကို ရှာဖွေကျွေး မွေးနေသူဖြစ်ကြောင်း သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ် ကြောင်းကို တိုက်ခိုက်ချေမှုန်းရန် ဆွဲလွဲကျင်း -ကျင်ဒွေးလမ်းပိုင်းနှင့် ဆော -ကန်ပကလက်လမ်းပိုင်း များကို ယာယီပိတ်လိုက်ကြောင်း CDF Kanpetlet က ထုတ်ပြန်သည်။...