Bago News

Bago News

ရန်ကုန် -ပြည်ကားလမ်းဘေး ထမင်းဆိုင်၌ ထမင်းစားနေသော စစ်သား၊ ပျူများကို တိုက်ခိုက်မှု ၈ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၃

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရန်ကုန် -ပြည်ကားလမ်းမဘေးထမင်းဆိုင်၌ ထမင်းစား‌ နေသော စစ်သား၊ ပျူများကို ဝင်ရောာက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ ဦးသေဆုံးသွားကြောင်း သာယာဝ တီခရိုင် တပ်ငရင်း ၃၈၀၂ ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၂ ရက်န့က မင်းလှမြို့နယ်အပိုင် ရန်ကုန်-ပြည်ကားလမ်း အရှေ့ဘက်ရှိ ကျေးရွာ များမှ လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးရန် စစ်ကောင်စီတပ်သားများ လာရောက်မည်ဆိုသည့် သတင်း အရ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၂ နှင့် တပ်ခွဲ၃ ရဲဘော်များ နှစ်ဖွဲခွဲ၍ နယ်မြေ ရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဥ် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်၌ အင်ကြင်းကုန်းအုပ်စု၊ အ ညာတန်းကြီးရွာ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ “53” မြန်မာထမင်းဆိုင်၌ စစ်သား ၊ ပျူ ၂၀ ခန့် ထ မင်းစားနေသည်ကို တွေ့ရှိရ၍ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၂ ရဲဘော်များ မှ ရှောင်တ ခင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဖရိုဖရဲဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

 

အဆိုပါ ဖရိုဖရဲ ထွက်ပြေးကြသည့် စစ်သား၊ ပျူများကို ပြည်သူ့ကာကွယ်ရေး ရဲဘော်များမှ လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၈ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊  အထိနာသွားတာ စစ်တပ်က မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် Mi35 ရဟတ်ယာဥ်ဖြင့် ရိုးမအစပ်ရှိ ပြည်သူများ နေထိုင်ရာ နေရာများကို ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ် ကောင်စီတပ်သား၊ ပျူစောထီးများ၊ စစ်ကောင်စီထောက်တိုင်များအနီး သွားလာနေထိုင်မှုများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် နှင့် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင် လာ နိုင်သောကြောင့် အထူး သတိထား နေထိုင်ပေးကြပါရန် အသိပေးထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ချောင်းဦးမြို့ထွေအုပ်ရုံးနှင့်ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၂   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့၌ တပ်စွဲထားသော စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် တစ်ဦးအပါအဝင် ၄...