Shan State News

Shan State News

ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦး လက်နက်ချ အညံ့ခံ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၃

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLF က ထုတ် ပြန်သည်။

 

ဧပြီလ ၂၁ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်က စတင်ပြီး နောင်ချိုမြို့နယ်၊ တောင် ခမ်းဒေသသို့ စစ်ကူအင်အားဖြည့်တင်းရန် ချီတက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဓနု ပြည်သူ့လွတ် မြောက်ရေး တပ်တော် – DPLA က ရပ်စောက်မြို့နယ် ၊ ကျောက်ဂူ‌တိုက်နယ် ကျေးရွာ အနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ညနေ ၅ နာရီ ၃၀ မိနစ် အထိ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သာများ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ချအညံ့ခံ ခဲ့သည့် စစ်သား ၃ ဦးကို အရှင်ဖမ်းမိခဲ့ကာ ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော် (DPLA) ဘက်မှ လည်း ထိခိုက်ကျဆုံးမှုရှိကြောင်း သိရသည်။

 

ယင်းတိုက်ပွဲမဖြစ်ပွားခင်အချိန်ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ကျောက်ဂူတိုက်နယ် ကျေးရွာ အနီးတဝိုက်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းနှင့် လေယာဉ်ဖြင့် ဗုံးများကျဲချခြင်းကို မကြာခဏပြုလုပ်ခဲ့ကြောင်း သိရသည်။

 

တောင်းခမ်းကျေးရွာတွင်လည်းမဟာမိတ် TNLA နှင့် DPLA တပ်များရှိရာနေရာများကို စစ်ကောင်စီ ဘက်မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် ယနေ့အချိန်ထိတိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း၊ ဇန်နဝါရီလမှ ဧပြီလအထိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ် ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၆၇ ကြိမ်အထိရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသကို စစ်ကောင်စီတပ်က ဓာတုအဆိပ်ဗုံး၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်   သံလွင်မြန်မာသတင်း မေလ ၂၂   ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်က ဓာတုအဆိပ်ဗုံး၊ လက်နက်ကြီးများအသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) ကထုတ်ပြန်သည်။   မေလ ၂၀...