Karenni State News

Karenni State News

မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်းသေဆုံး ပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၂

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ် တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၂ လက်သိမ်း ဆည်း ရရှိခဲ့ ကြောင်း Kayan Nationla Army က ထုတ်ပြန်သည်။

 

ဧပြီလ ၁၈ ရက် ညပိုင်းက မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၂၂၄ တပ်ရင်းမှ စစ် သားအင်အား ၃၀ ခန့်ဖြင့် မိုးဗြဲမြိုု့တွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး ပြန်ဆုတ်ပြေးသွားကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာအား နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သား များကျန်ခဲ့သည့် MA -1 အမျိုးအစား သေနတ် ၂ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

​အဆိုပါ တိုက်ခိုက်မှုကို Kayan National Army အပါအဝင် ကရင်နီဒေသအခြေစိုက်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိခဲ့ ကြောင်း ၊ မိုးဗြဲမြို့တွင် တိုက်ပွဲများပြင်းထန်နေသောကြောင့် မိဘပြည်သူများအနေဖြင့် အထူးသတိ ပြုသွားလာနေထိုင်ပေးကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး စခန်းကုန်းနေရာ ၃ ပုံ ၂ လုံးပျက်စီး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၁   တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင် တာဝါတိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး...