Myingyan News

Myingyan News

မြင်းခြံမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ဝက်လူးရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်မှု စစ်သား ၃ ဦး သေဆုံး

 

D Day News

ဧပြီလ ၂၆

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကြည်ရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Myingyan District Drone Strik – အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၄ ရက်နေ့က မြင်းခြံမြို့နယ်၊ ကြည်ရွာမှ ထွက်လာသော အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ကတောရွာ အရောက် Fixed Wings ဒရုန်းဖြင့်ဖြင့် ဗုံးသီးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strik – အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ ၊ Shar Htoo Waw နည်းပညာ တပ်ဖွဲ့ Team 2 နှင့် ရွှေခြံသားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၄ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ညောင်တိုရွာဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်သားများကို Myingyan District Drone Strik – အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ ၊ Shar Htoo Waw နည်းပညာ တပ်ဖွဲ့ Team 2 မှ Fixed Wing Thwin mini Cargo အမျိုးအစား ဒရုန်း အသုံးပြု၍ 60g ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ဧပြီလ ၂၃ ရက် နံနက် ၈ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းကို ဗုံးသီး ၆ လုံး ၃ ကြိမ် ကျဲချတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို Myingyan District Drone Strik – အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ -MDDS ၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း – Nahtogyi People Defence Force ၊ မလှိုင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ – MHLG Wing တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ် ကြောင်းကို တိုက်ခိုက်ချေမှုန်းရန် ဆွဲလွဲကျင်း -ကျင်ဒွေးလမ်းပိုင်းနှင့် ဆော -ကန်ပကလက်လမ်းပိုင်း များကို ယာယီပိတ်လိုက်ကြောင်း CDF Kanpetlet က ထုတ်ပြန်သည်။...