Magway News

Magway News

ငဖဲမြို့နယ်တွင် ၄ လအတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၂၃ ကြိမ်ဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး သီဟ အောင် အပါအဝင် ၆၃ ဦးသေဆုံးပြီး ဗိုလ်ကြီးငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက်တို့အပါအဝင် ၁၈ ဦးအ ရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၁

 

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ၄ လအတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၂၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး သီဟအောင် အပါအဝင် ၆၃ ဦးသေဆုံးကာ ဗိုလ်ကြီး ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက်တို့အပါ အဝင် ၁၈ ဦးအရှင်ဖမ်းမိခဲ့ကြောင်း PRA – မကွေးက ထုတ်ပြန်သည်။

 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း ငဖဲမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းတလျှောက်၌ လူထုတော် လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အနေဖြင့် တိုက်ပွဲကြီးငယ်ပေါင်း ၂၃ ကြိမ် ဖော်ဆောင် နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် စုစုပေါင်း ၆၃ ဦးသေဆုံးခဲ့ ခဲ့ကြောင်း၊ ထို့အပြင် ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီး တင်ကိုထက်တို့အပါအဝင် စုစုပေါင်း ၁၈ ဦး ကိုအရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်း များစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ငဖဲမြို့နယ်၊ နတ်ရေကန်အနီးရှိ စင်ကိုနာခြံသို့ ကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်ကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) မှ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး ဒဏ်ရာရရှိပြီး ဆုတ်ခွာသွားကြောင်း သိရသည်။

 

ထို့နောက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်တွင် ငဖဲမြို့နယ်၊ နတ်ရေကန် ဗျူဟာ ကုန်းမှ ဆင်းလာသော အင်အား ၆၀ ခန့်ပါ စစစ်ကောင်စီစစ်ကြောင်းကို ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မတ်လ ၁၈ ရက် နံနက် ၈ နာရီ ၁၅ မိနစ် တွင် ငဖဲမြို့နယ်၊ ပဇီကျေးရွာမှ လိုင်ကျေးရွာသို့ တက်လာ သော အင်အား ၄၀ ပါ စစ်ကောင်စီစစ်ကြောင်းကို လိုင်ကျေးရွာလမ်းခွဲ အနီး၌ ဖြတ်တောက် တိုက် ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲများတွင် စစ်ကောင်စီ ဘက်မှ တပ်မ ၉၉ လက်အောက်ခံတပ်ရင်းများ ပါဝင်ခဲ့ကြောင်း သိရသည်။

 

မတ်လ ၃၀ ရက် နံနက် ၅ နာရီ ၃၀ မိနစ်က ပုသိမ်-မုံရွာ ကားလမ်းရှိ ပဒါန်းမြို့ဝင်ဂိတ်ကို လူထုတော် လှန်ရေးမဟာ မိတ်အင်အားစု (PRA-Magway) နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းတို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

ပဒါန်းမြို့ဝင်ဂိတ်သည် စစ်ကောင်စီ၊ ရဲတပ်ဖွဲ့နှင့် စရဖတို့ ပူးပါင်းထားခြင်းဖြစ်ပြီး အင်အား ၂၀ ကျော် အထိုင်ချထားကာ အရပ်သားပြည်သူနှင့် ဈေးရောင်းဈေးဝယ်များကို အတင်းအဓမ္မ ငွေကြေး တောင်း ရမ်းခြင်း၊ ဖိနှိပ်ရမ်းကားခြင်းများ ပြုလုပ်လေ့ရှိသည့် ဂိတ်လည်းဖြစ်ကြောင်း သိရသည်။

 

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အနေဖြင့် ယခုအခါတွင် မဟာမိတ် တော် လှန်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အမ်း-ပဒါန်းစစ်ဆင် ရေးတွင် ပါဝင်ဆောင်ရွက် နေပြီး စစ် နယ်ဝန်းချဲ့ထွင်လှုပ်ရှားနိုင်ရန်လည်း တပြိုင်နက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းနှင့် လက်ပတ်ကျေးရွာ စစ်တပ်စခန်းတို့ကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၆ ဦးသေဆုံးပြီး လက်နက်ကြီးအပါအဝင်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၆   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ၊ ရင်းတိုက်ကုန်းနှင့် လက်ပတ်ကျေးရွာ စစ်တပ်စခန်းတို့ကို သိမ်း ပိုက်ရရှိခဲ့ရာ စစ်သား ၁၆...