Mying News

Mying News

မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာမှ နွားကျောင်းထွက်လာစဉ် စနိုက်ပါဖြင့် ချောင်းမြောင်းတိုက်ခိုက်မှု ပျူ ၁ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၂၆

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာမှ ပျူများ နွားကျောင်းထွက်လာစဉ် စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း မြိုင်ပကဖထံမ သိရသည်။

 

ယနေ့ ဧပြီလ ၂၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်က မြိုင်မြို့နယ်၊ သရက်ကန် ပျူကျေးရွာ၏ အနောက်တောင်ဘက် ဘန်ကာ ရှေ့ ဝန်းကျင်၌ နွားကျောင်းထွက်လာသော ပျူများကို လက်ဖြောင့် ရိုင် ဖယ် သမားများမှ ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူ တစ်ဦး ဦးခေါင်းကျည်ထိမှန်၍ နေရာ တွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

https://youtu.be/36kEpArx400

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အခြားပျူများ ရွာထဲသို့ အလျှင်အမြန် ပြေးဝင်သွားကြောင်း သိရသည်။

 

အထက်ပါ တိုက်ခိုက် မှု ကို မြိုင်ပကဖ တပ်ရင်း၁ တပ်ခွဲ-၁၊ တပ်ခွဲ-၂(ဂဋုန်)၊ TYK ပျောက်ကြား တပ် ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့၊ Myaing Warriors ၊ MRDF နှင့် အလင်းတန်းပြောက်ကျားတပ်ဖွဲ့တို့ ပူပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း - နွားထိုးကြီး...