CDM News

CDM News

ဘုတ်ပြင်း အခြေစိုက် ခလရ ၂၂၄ တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး KNLA ထံ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၀

 

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် ခလရ ၂၂၄ တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး သည် KNU/KNLA တပ်မဟာ ၄ ၊ တပ်ရင်း -၂၀၃၊ တပ်ခွဲ ၃ ထံသို့ အလင်းဝင်ခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၇ ရက်နေ့က ဘုတ်ပြင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၂၄ တပ်ရင်းမှ တသ အောင်ကိုကို သည် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင် လို့ ခြင်းမရှိတော့သဖြင့် လက်နက်မဲ့ထွက်ပြေးလာကာ KNLA တပ်ရင်းထံ အလင်းဝင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့သို့ အလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်သားသည် စစ်မှုထမ်းသက် ၁ နှစ်သာရှိသေးကြောင်း၊ အလင်းဝင်ရောက်ခဲ့သည့် တပ်သားကို KNLA တပ်ဖွဲ့တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ပေးထားကြောင်း သိရသည်။

 

စစ်ကောင်စီတပ်က ထွက်ပြေးလာကာ အလင်းဝင်ခဲ့သည့် တသအောင်ကိုကိုသည် တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံး ပျက်စီး

ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံး ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေး ဌာနက ထုတ်ပြန်သည်။ ယနေ့ ဩဂုတ်လ ၁၃ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၄၂...