Yango News

Yango News

ရန်ကုန်တိုင်းအတွင်းရှိ စစ်​ကောင်စီအဖွဲ့ဝင်များ စိုးရိမ်ထိတ်လန့်​နေပြီး အချင်းချင်း အပြန်အလှန် စောင့်ကြည့်နေ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၉

 

ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲ ၊ ဌာနဆိုင်ရာဝန်ထမ်းများ စိုးရိမ်ထိတ်လန့် မှုမြင့်နေပြီး အချင်းချင်း အပြန်အလှည့်စောင့်ကြည့်နေကြောင်း တပ်တွင်းဖရဲသီးသတင်းရင်းမြစ်ထံက သိရသည်။

 

တော်လှန်ရေး ရေချိန်မြင့်တက်လာသည်နှင့်အမျှ ရန်ကုန်တိုင်းအတွင်းရှိ စစ်​ကောင်စီ လက်​အောက်ခံ ဌာနဆိုင်ရာ အသီးသီး မှ ဝန်ထမ်းများ ထိတ်လန့်ခြောက်ခြား​နေကြပြီး ပြည်သူများအား အနိုင်ကျင့် ဖမ်းဆီးခြိမ်းခြောက် ငွေ ညှစ် သည့် စကစလက်အောက်ခံရဲတပ်ဖွဲ့ အချင်းချင်းမယုံမသင်္ကာဖြစ်ကာ အပြန်အလှန်စောင့်ကြည့်ခိုင်းသည့် ညွန်ကြားချက်များလည်းထွက်ပေါ်လာကြောင်း သိရသည်။

“ရန်ကုန်မြို့မှာက လုံခြုံရေးအရ ကြပ်တတည်းတာမှန်ပါတယ်။ အဖမ်းအဆီးတွေလည်း ကြမ်းတယ်၊ ဒါပေမယ့် ရန်ကုန်မြို့မှာ ရတဲ့နည်းနဲ့ လှုပ်ရှားနေမှာပါ။ ချောင်ရင်ပွဲကမယ်၊ မချောင်ရင် နားနေရမှာ ပေါ့၊ အဓိကတော့ ရန်ကုန်ယူဂျီတွေဟာ ရန်ကုန်သူ၊ ရန်ကုန်သားတွေနဲ့အတူတူရှိနေတယ်ဆိုတာ သိစေချင်တယ်။ စကစထောက်တိုင်တွေကို ဖြုတ်နိုင်သမျှ လိုက်ဖြုတ်နေမှာပါ။” ဟု ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

 

ထို့အပြင် ရန်ကုန်တိုင်း မြို့နယ် အတွင်းရှိ မြို့နယ်မှုးရုံးများနှင့် ရဲစခန်းများ၏ လုံခြုံရေးကိုလည်း နှစ်ထပ်ထားရှိ​စေရန်နှင့် အရပ်ဝတ်များဖြင့် စောင့်ကြည့်ကြရန်နှင့် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ ဝင်များ၏ တိုက်ခိုက်ခံရခြင်းမခံရစေရန် အမြဲတမ်းကင်းလှည့်လှုပ်ရှားရန် သတိပေးထားသည်ဟု ဆိုသည်။

 

ရန်ကုန်မြို့နေမိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ‌နေထိုင်ရာ ရဲစခန်း များ၊ စစ်ကောင်စီလက်အောက်ခံရုံးများ၊ စစ်ကောင်စီတပ်သားများ၊ ရဲ၊ ထောက်တိုင်များအနီး သွား လာနေထိုင်ခြင်းမပြုကြရန် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက တိုက်တွန်းမေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ လူငယ် ၁၃ ဦးထက်မနည်းကို စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးပြီး‌ ငွေဖြင့်ရွေးနိုင်သူ ၅ ဦးကို ပြန်လွှတ်ပေး

နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ လူငယ် ၁၃ ဦးထက်မနည်းကို စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးပြီး‌ ငွေဖြင့်ရွေးနိုင်သူ ၅ ဦးကို ပြန်လွှတ်ပေး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ လူငယ် ၁၃ ဦးထက်မ နည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးပြီး ငွေဖြင့် ရွေးနိုင်သူ ၅ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၇ ရက် ညပိုင်းက နောင်ချိုမြို့နယ်၊...