Karen State News

Karen State News

ကော့ကရိတ်မြို့နယ်၊ သလွှဲထော်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှု ကြောင့် ပြည်သူ ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၉

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ သလွှဲထော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Mon Liberation Army က ထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၁၈ ရက် နံနက် ၉ နာရီ ၁၅ မိနစ်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ သလွှဲ ထော် ကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် Rocket ၅ လုံး ဗုံးကြဲပစ်ခတ်ခဲ့ရာ သလွှဲထော် ကျေးရွာနေ အသက် ၆၄ နှစ်အရွယ် မန်းသာကလို့ ကို ထိမှန်ကာ ဗိုက်ပွင့်ထွက်ပြီး နေရာပြီး နေရာမှာ ပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဩ လေယာဉ်ပေါ်မှ ရော့ကတ်ပစ်ခတ်စဉ် သေဆုံးသူ မန်သာကလို့မှာ ဝက်မွေးခြံ ဆောက်လုပ်နေချိန်ဖြစ်ကြောင်း၊ ထို့အပြင် သလွဲထော်ကျေးရွာဘုန်းကြီးကျောင်းလည်း လေယာဉ်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိအကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေယာဉ် များဖြင့် ကျေးရွာများအား ဗုံးကြဲချပစ်ခတ်နေသောကြောင့် ဒေသခံမိဘပြည်သူများအနေဖြင့် လုံခြုံ စိတ်ချရသောနေရာများသို့ ပြောင်း‌ရွှေ့ပြီး ဂရုတစိုက် နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မင်းဘူးမြို့သို့ ရောက်ရှိနေသည်ဟု မြို့ကို ပိတ်ဆို့ထား

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မင်းဘူးမြို့သို့ ရောက်ရှိနေသည်ဟု မြို့ကို ပိတ်ဆို့ထား

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့သို့ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိနေသည်ဟုဆိုကာ တစ်မြို့လုံး ကို ပိတ်ဆို့ထားခဲ့ကြောင်း ဒေသနေ ပြည်သူများထံက သိရသည်။ ယနေ့ဩဂုတ်လ ၁၈ ရက်နေ့တွင် မကွေးပညာရေးကောလိပ်သို့ လာရောက်ခြင်းဖြစ်ပြီး အလားတူ မင်းဘူးမြို့အထွက်ရှိ ကျေးရွာတစ်ရွာ၌ လည်း သစ်ပင်စိုက်ပျိုးရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ထို့ သို့...