KNU News

KNU News

မူးမြို့နယ်နှင့်လယ်ဒိုမြို့နယ်တို့ စစ်တပ်က ထောင်ထားသော မိုင်းနင်းမိမှုကြောင့် ပြည်သူ ၇ ဦး ဒဏ်ရာရ

 

D Day News

ဧပြီလ ၂၆

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့ နယ်နှင့် လယ်ဒိုမြို့တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထောင်ထားသည့် မြေမြှုပ်မိုင်းနင်း မိမှုကြောင့် ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့က လယ်ဒိုမြို့နယ်၊ နိုတောတာကျေးရွာ အသက် ၃၈ နှစ်အရွယ် စောမော်တောထူးသည် အကြမ်းဖက်စစ်သားများ ထောင်ထားသည့် မြှေုပ်မိုင်းနင်းမိကာ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၈ ရက်နေ့က  မူးမြို့နယ်၊ ‌စောထီးရွာသား အသက် ၅၆ နှစ်အရွယ် ဦးဝင်းနိုင်သည်  ၎င်းပိုင်ဆိုင်သော ကျွဲနွား များအား ပြန်ရှာသည့် နေရာတွင် စစ်ကောင်စီတပ်များထောင်ထားသော မိုင်းအားနင်းမိပြီးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၁) ရက်နေ့ကလည်း မူးမြို့နယ်၊ ရေလဲ(ဗမာ)ကျေးရွားအတွင်းသို့ ပစ္စည်းများ ပြန်လာယူ သည့် အသက် ၄၈ နှစ်အရွယ် ဦးဇော်မင်းထွေးသည် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ တပ်များ ထောင်ထားသည့် မိုင်းအားနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၂ ရက်နေ့တွင် နိုကူးကျေးရွာသား စောဒိုးဒိုထူး (၁၉) နှစ်သည် စစ်ဘေးရှောင်သည့် နေရာမှ ၎င်း၏ ကျေးရွာအတွင်းသို့ ပစ္စည်းယူရန်ပြန်သွားရာ ရေလဲရွာထိပ်တွင် စစ်ကောင်စီတပ်များ ထောင်ထားသည့် မိုင်းအားနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဧပြီလ ၁၄ ရက်နေ့က မုန်းမြို့နယ်၊ အညာစုရွာနေ အသက် ၅၄ ဦးမြင့်အေး သည် စစ်ဘေးရှောင်သည့် နေရာမှ ၎င်း၏ နေအိမ်သို့ ပြန်ကြည့်ရန်သွားရောက်စဉ် လမ်း၌ စစ်ကောင်စီတပ်များထောင် ထား သော မိုင်းအားနင်းမိ ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ (၂၄) ရက်နေ့က နိုကလော်ရွာသား အသက် ၂၇ နှစ်အရွယ် စော်ဆဲနေကော်သည် ရေလဲကျေး ရွာ တွင် ဆန်သွားယူစဉ် လမ်း၌ အကြမ်းဖက်စစ်သားများထောင်ထားသည့် မိုင်းနင်မိပြီး ထိခိုက်ဒဏ် ရာ ရရှိခဲ့ကြောင်း၊ ထို့အပြင် ရေလဲ(ကရင်) ရွာသာနေ အသက် ၃၈ နှစ်အရွယ် စောတာစီသည် ၎င်း၏ တဲသို့ ရိက္ခာပြန်ယူစဉ် လမ်း၌ စစ်ကောင်စီတပ်များထောင်ထားသည့် မိုင်းအားနင်းမိ ပြီး ထိခိုက်ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ် ကြောင်းကို တိုက်ခိုက်ချေမှုန်းရန် ဆွဲလွဲကျင်း -ကျင်ဒွေးလမ်းပိုင်းနှင့် ဆော -ကန်ပကလက်လမ်းပိုင်း များကို ယာယီပိတ်လိုက်ကြောင်း CDF Kanpetlet က ထုတ်ပြန်သည်။...