Bago News

Bago News

မင်းလှမြို့နယ်၊ ဆင်တဲကုန်းရွာကို စစ်တပ်စစ်ကြောင်းဝင်ရောက်ပြီး ဖမ်းဆီးနေမှုကြောင့် တစ်ရွာလုံးထွက်ပြေးနေရ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၈

 

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာသူရွာသား များကို ဖမ်းဆီးနေမှုကြောင့် တစ်ရွာလုံးထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသနေပြည်သူများထံ က သိရသည်။

 

ယနေ့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းက မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ် က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင် ရောက်လာပြီး ရွာသူ၊ ရွာသူများကို လိုက်လံဖမ်းဆီး နေမှုကြောင့် ကျေးရွာအတွင်းနေ ရွာသူ၊ ရွာသားအားလုံး ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာသား ၅ ဦး ဖမ်းဆီးခံထားရကြောင်း သိရသည်။

“မင်းလှမြို့အနောက်ပိုင်း ဆင်တဲကုန်းရွာကို စခတွေဝင်လာလို့ တစ်ရွာလုံးထွက်ပြေးနေကြရတယ်။ ရွာသား ၅ ယောက်တော့ပါသွားပြီ။ အတိအကျတော့ မသိရသေးဘူး။ တစ်ရွာလုံးထွက် ပြေးနေကြရ တာာ။အခု စခတွေက ရွာထဲမှာရှိနေတုန်းပဲ။ ကားတွေနဲ့ ရွာသားတွေဖမ်းပြီး ထွက်သွား တာလည်း တွေ့ ရတယ်။ ရွာထဲမှာလည်းရှိသေးတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ငလျင်ဘေးဒဏ်သင့်ပြည်သူ များကို ကူညီကယ်တင်နိုင်ရန်အတွက်ဟုဆိုကာ ယာယီအပစ်အခတ်ရပ်စဲခဲ့သော်လည်း စစ်ကြောင်း ထိုးဝင်ရောက်ကာ ပြည်သူများကို အတင်းအဓမ္မဖမ်းဆီးခြင်း၊ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်တိုက်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

ဖားအံခရိုင်၊ တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တလျှာက်အခြေစိုက်စစ်တပ်စခန်း ၈ ခုကို သိမ်းပိုက်ခဲ့သည့် တပ်ဗိုလ်၊ တပ်မှူးများနှင့်တပ်သားများကို ဂုဏ်ပြုပွဲကျင်းပ (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၁   ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တစ်လျှောက် အခြေစိုက်ထားသော စစ်ကောင်စီတပ်စခန်း...