Danu News

Danu News

စစ်မှုမထမ်းမနေရ ဥပဒေကို ခုတုံးလုပ်ကာ ဓနုလူငယ်များကို စစ်သားအဖြစ် စုဆောင်းနေသည့် စစ် ကောင်စီလက်အောက်ခံအဖွဲ့အစည်းများကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ဓနု အခြေစိုက် တပ်မတော် တပ်ရင်း ၁၀၀၃ တပ်ဖွဲ့ ထုတ်ပြန်

 

D Day News

ဧပြီလ ၂၆

 

စစ်မှုမထမ်းမနေရ ဥပဒေကို ခုတုံးလုပ်ကာ ဓနုလူငယ်များကို စစ်သားအဖြစ်စုဆောင်း နေသည့် စစ်ကောင်စီ လက်အောက်ခံအဖွဲ့အစည်းများကို ပြင်းပြင်းထန်ထန် ကန့်ကွက် ကြောင်း ဓနု အခြေ စိုက်တပ်မတော် တပ်ရင်း ၁၀၀၃ တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဓနုလူမျိုးအများစုနေထိုင်သော ရွာငံမြို့နယ်၊ ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ရပ်စောက်မြို့နယ် နှင့်နောင်ချိုမြို့နယ်တို့ရှိ ဓနုလူငယ်များကို စစ်ကောင်စီ၏ ဒေါက်တိုင်အဖြစ် ရပ်တည်ကာ လူထုတော်လှန်ရေးကို ဆန့်ကျင်သောတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက တပ်သားသစ် စုဆောင်းခြင်းကို အဓမ္မပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ဓနုလူမျိုး မိဘပြည်သူများ၏ ယာဉ်၊ အဆောက်အဦများ အသုံးပြုခြင်း၊ မိဘပြည်သူများ အား ခြိမ်းခြောက်ရိုက်နက်ခြင်း၊ မူးယစ်ဆေးဝါး ဖမ်းသည်ဟု အကြောင်းပြကာ မိဘများထံမှ ငွေ ကြေးတောင်းခံခြင်း စသည့်များကို လည်းဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

“အကြမ်းဖက်စစ်ကောင်စီရဲ့ဒေါက်တိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေက ရွာငံ၊ ကလော၊ ပင်းတယ၊ ရပ်စောက်နဲ့နောင်ချိုမြို့ နယ်တွေထဲမှာနေထိုင်တဲ့ ဓနုလူငယ်တွေကို စစ်သားစုဆောင်းနေတာပါ။ အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဆိုရင် ဘယ်အဖွဲ့ အ စည်းဆိုတာကတော့ အကုန်သိပြီးသားဖြစ်မှာပါ။” ဟု ဓနုအခြေစိုက်တပ်မတော် တပ်ရင်း ၁၀၀၃ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

လက်ရှိ ဓနု ဒေသမှ လူငယ်များအား စစ်ကောင်စီ ဒေါက်တိုင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များမှ တပ် သား သစ်အဖြစ် အဓမ္မစုဆောင်းနေခြင်းသည် ယခင် လက်နက်ကိုင်အဖွဲ့ ကင်းရှင်းခဲ့သော ဓနု ဒေသ ကို များစွာအနှောက်အယှက်ဖြစ်စေကြောင်း ထောက်ပြထားသည်။

 

ယခု အချိန်သည် အာဏာရှင်ကို တွန်းလှန်ရင်း ဖက်ဒရယ်နိုင်ငံတော်ကို တည်ဆောက်နေသည့် အချိန်အခါဖြစ်သည့်အားလျော်စွာ မတရားသည့်နည်းဖြင့် တပ်သားသစ် အဓမ္မစုဆောင်းခြင်းသည့် စစ်ကောင်စီနှင့် ၎င်းတို့ဒေါက်တိုင်ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် ဝင်ရောက် စစ်မှုထမ်းမည့်အစား ဖက်ဒရယ်နိုင်ငံတော်၏ တပ်ရင်းအဖြစ် ဖွဲ့စည်းတည်ဆောက်ထားသော ဓနုဒေသအခြေစိုက်(P3-1003) တပ်ရင်း၌သာ ဝင်ရောက် တိုက်ပွဲဝင်သင့်ကြောင်း ဓနုလူမျိုး မိဘ ပြည်သူများကို အသိပေးထားသည်။

 

တစ်မြေတည်းနေတစ်ရေတည်းသောက် တိုင်းရင်းသားအချင်းချင်း စစ်အာဏာရှင်အားကိုးဖြင့် နိုင် ထက်စီးနင်း မပြုရန်နှင့် ဓနုလူငယ်များအား အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကိုလည်း အပြင်း အထန် ကန့်ကွက်ပါကြောင်း အလယ်ပိုင်းတိုင်း ရှမ်းတောင်စစ်ဒေသခွဲ (P3-1003) တပ်ရင်း၊ ဓနု ဒေသအခြေစိုက်ကာကွယ်ရေးတပ်မတော် က ထုတ်ပြန်ထားသည်။

 

ဓနုလူမျိုးများသည် ရှေးယခင်ကရင်း ဓနုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မရှိသော လူမျိုး ဖြစ်ပြီး ထိုကဲ့သို့ ဓနုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မရှိခဲ့သည်ကို အခွင့်အရေး ယူကာ အ ခြားသော လက်နက်ကိုင်အဖွဲ့အစည်းများမှ အနိုင်ကျင့်စော်ကား လာမည်ကိုလည်း မိဘပြည်သူများမှ စိုးရိမ်ကြောင့်ကျလျက်ရှိကြောင်း၊ စစ်အာဏာရှင်၏ ဒေါက်တိုင်/အပေါင်းအပါ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့၏ တပ်သားသစ် အဓမ္မစုဆောင်းသည့် လုပ်ရပ်များကို မသိနားမလည်သော မိဘပြည် သူများ အနေဖြင့် အားပေးအားမြှောက် မပြုမိစေရန်ကို သတိပေးထားသည်။

 

အလယ်ပိုင်းတိုင်း ရှမ်းတောင်စစ်ဒေသခွဲ (P3-1003) တပ်ရင်း၊ ဓနုဒေသအခြေစိုက်ကာကွယ်ရေး တပ်မတော်သည် ဓနုလူမျိုးများကို ကိုယ်စားပြု၍ ဓနုလူငယ်များ ဦးစီးကာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ အလယ်ပိုင်းတိုင်း ရှမ်း တောင် စစ်ဒေသခွဲ P3-1003 တပ်ရင်းအဖြစ်ရပ်တည်ကာ အကြမ်းဖက်စစ်တပ် စခန်းသိမ်း တိုက်ပွဲ ပေါင်းများစွာကို ပါဝင်တိုက်ခိုက်လျက်ရှိပြီး အောင်ပွဲပေါင်းများစွာရရှိထား သည့်တပ်ရင်းဖြစ်ကြောင်း သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ် ကြောင်းကို တိုက်ခိုက်ချေမှုန်းရန် ဆွဲလွဲကျင်း -ကျင်ဒွေးလမ်းပိုင်းနှင့် ဆော -ကန်ပကလက်လမ်းပိုင်း များကို ယာယီပိတ်လိုက်ကြောင်း CDF Kanpetlet က ထုတ်ပြန်သည်။...