Shan State News

Shan State News

ရွာငံမြို့မြောက်ဘက်အထွက်ဂိတ်၌ ပြည်သူများကို ဖမ်းဆီးဆက်ကြေးကောက်နေသော ဗက မျိုး ဇော်သန်း ခရီးသွားစဉ် PDF တပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးရစဉ် သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၁

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့မြောက်ဘက်အထွက်ဂိတ်၌ ပြည် သူများကိုဖမ်းဆီး၊ ဆက်ကြေးကောက်နေသော ဗက မျိုးဇော်သန်း ခရီးသွားစဉ် PDF တပ်ဇွဲ့၏ ပစ် ခတ်ဖမ်းဆီးခံရကာ သေဆုံးသွားကြောင်း DANU STATE NATIONAL DEFENCE ARMY (DSNDA) ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် ရွာငံမြို့နယ် ရွာငံ – အောင်ပန်း မိုင်းလမ်းမ ဘေး လမ်းခွဲ တစ်နေရာ၌ DSNDA ရဲဘော်များက စစ်ဆေးရေးလုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်နေစဉ် ဗို-လ-်ကြီ-း မျိုး ဇော်သန်းမှာ အဖြူရောင်အိမ်စီးကားဖြင့် လာရောက်စဉ် ထိပ်တိုက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံခဲ့ပြီးနောက် DSNDA တပ်ဖွဲ့ဝင်များက မသင်ကာ သဖြင့် ကားပေါ်မှ ဆင်းခိုင်းရာ မ ဆင်း ပဲ ပြန်လည်‌မောင်းနှင် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကားမှာ လမ်းဘေးထိုးကျသွားပြီး ဗက မျိုးဇော်သန်းမှာလည်း ကားပေါ်တွင် ကျည်ထိမှန်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

 

သေဆုံးသူ ဗကမျိုးဇော်သန်း၏ ကားပေါ်မှ ပစ္စတို သေနတ်အတို ၁ လက် ၊ လက်ပစ်ဗုံး ၁ လုံး ၊ဖုန်း နှင့် ငွေသားအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဗို-လ-်ကြီ-းမျိုးဇော်သန်းသည် ရွာငံမြို့မြောက်ဘက် အထွက် ဂိတ်၌ အာဏာအရှိဆုံးသူဖြစ်ပြီး ပြည်သူများကို ဖမ်းဆီး၊ ဆက်ကြေးကောက်နေသူ တစ်ဦး ဖြစ်ကြောင်း DSNDA ထံမှ သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပြည်သူ့စစ်တွေသေပါက စာရွက်ဖြူတစ်ရွက်နှင့် ၃၀၀ တန်ဘောပင်တစ်ချောင်းပဲ ကုန်သည်ဟု စစ် ဗိုလ်များက ခြိမ်းခြောက်၊ တပ်ရင်းများတွင်လည်း မူးယစ်ဆေးဝါးရောင်းချနေ (ရုပ်သံ)

ပြည်သူ့စစ်တွေသေပါက စာရွက်ဖြူတစ်ရွက်နှင့် ၃၀၀ တန်ဘောပင်တစ်ချောင်းပဲ ကုန်သည်ဟု စစ် ဗိုလ်များက ခြိမ်းခြောက်၊ တပ်ရင်းများတွင်လည်း မူးယစ်ဆေးဝါးရောင်းချနေ (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ ပြည်သူ့စစ်မှုထမ်း - ပစ စစ်သားများ သေဆုံးပါက စာရွက်ဖြူတစ်ရွက်နှင့် ၃၀၀ တန်ဘောပင်တစ် ချောင်း သာ ကုန်သည်ဟု စစ်ဗိုလ်များက ခြိမ်းခြောက်လျက်ရှိပြီး တပ်ရင်းအတွင်း၌လည်း မူးယစ် ဆေးဝါးများ ရောင်းနေကြောင်း အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်းက ပြောကြား သည်။...