CDM News

CDM News

ဆားလင်းကြီးမြို့မရဲစခန်းမှ နယ်ထိန်းဒုတပ်ကြပ် ၁ ဦး မိးသားစုလိုက်ခေါ်ပြီး လက်နက်ခဲယမ်းနှင့် အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၁

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းမှ နယ်ဒုတပ်ကြပ် ရဲလင်းသည် မိသားစုပါခေါ်ဆောင်ပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်းထံမှ သိရ သည်။

 

ဧပြီလ ၉ ရက် ညနေပိုင်းက ဆားလင်းကြီးမြို့မရဲစခန်းမှ နယ်ထိန်း ဒုတပ်ကြပ် ရဲသည် အကြမ်းဖက် စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိသဖြင့် မိသားစုကိုပါခေါ် ဆောင်ပြီး G3 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၅ တောင့် နှင့်အတူ ယင်းမာပင်ခရိုင်၊ အမှတ် ၁၆ တပ်ရင်းသို့ အလင်းဝင်ခဲ့ကြောင်း သိရသည်။

“သူတို့က စခန်းမှာ မနေချင်တော့လို့ ဆက်သွယ်လာတဲ့အတွက် သွားရောက်ခေါ်ဆောင်ခဲ့တာပါ။ ဆက်သွယ်လာတာက ကြာပါပြီ။ မိသားစုရော ပါတာဖြစ်တဲ့အတွက် အခုမှ ထွက်လာဖြစ်တာပါ။ သူတို့မိသားစုကို လုံခြံတဲ့နေရာတစ်ခုမှာ လိုအပ်တာအကုန်စီစဉ်ပေးထားပါတယ်။ အလင်းဝင်တဲ့ သူတွေအနေနဲ့ တော်လှန်ရေးထဲမှာ ဆက်လုပ်ချင်တယ်ဆိုရင်လည်း ဆက်လုပ်ခွင့်ပေးတယ်၊ သူတို့ ဘေးကင်းရာမှာ‌ နေချင်တယ်ဆိုရင်လည်း သူတို့အဆင်ပြေတဲ့နေရာကို စီစဉ်ပေးထားပါတယ်” ဟု ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ လက်နက်ခဲယမ်းများယူဆောင်ကာ မိသားစုနှင့်အတူ အလင်းဝင်လာသည့် နယ်ထိန်း ဒုတပ် ကြပ်ရဲလင်းကို ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်းမှ ဂုဏ်ပြုဆုငွေ သိန်း ၈၀ ကျပ် ချီးမြှင့် ပေးခဲ့ပြီး လုံခြုံသည့်နေရာတွင် လိုအပ်သည်များကို စီစဉ်ပေးထားကြောင်း၊ ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ် ရင်းထံ အလင်းဝင်ခဲ့သူ စုစုပေါင်း ၈ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 

အလင်းဝင်ရောက်လိုသည့် စစ်ကောင်စီတပ်သား၊ ရဲများကို နွေးထွေးစွာကြိုဆိုလျက်ရှိပြီး တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဖြင့် ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ကန့်ဘလူမြို့နယ်၊ ရင်ငတ်ကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး စေတီတစ်ဆူနှင့် လူနေအိမ် ၂ လုံးပျက်စီး   သံလွင်မြန်မာသတင်း ဇွန်လ ၈   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရင်ငတ်ကုန်းရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေ ကြောင်းဖြင့်...