Ye News

Ye News

ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာပြည်သူ့စစ်ခေါင်းဆောင်နှင့်ဒုခေါင်းဆောင်တို့ကို ဖမ်းဆီး စစ်ဆေးစဉ် သေနတ်လုပစ်ခတ်သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာသေဆုံး၊ သေနတ် ၉ လက်နှင့်ခဲယမ်းများ သိမ်း ဆည်း ရရှိ

 

D Day News

ဧပြီလ ၂၅

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်း ဆောင်တို့ကို ဖမ်းဆီးပြီး စစ်ဆေးနေစဉ် သေနတ်လုပစ်ခတ်သဖြင့် ပြည်လည်ပစ်ခတ်ခဲ့ရာ သေဆုံး သွား ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။

 

ဧပြီလ ၂၃ ရက် နံနက် ၇ နာရီခန့်က ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့အပါအဝင် ၅ ဦးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးရာ M4 Carbine ၂ လက်၊ ကိုးလုံးပြောင်းချောသေနတ် ၂ လက်၊ 380 ပစ္စတို ၂ လက် ၊ ကိုးလုံးအတို ၁ လက်၊ .23 အတို ၁ လက်၊ တူမီး ၁ လက်၊ လက်ပစ်ဗုံး ၄ လုံး ၊ 5.56 ကျည်ဘောက် ၄ခု ၊ 5.56 ကျည် ၃၈၅ တောင့် ၊ ကိုးလုံးကျည် ၄၇ တောင့်၊ 380 ကျည်အတာင့် ၅၀ ၊ .23 ကျည် ၄၁ တောင့်၊ ဓါးတစ်လက် ၊ စကားပြောစက် ၃လုံး၊ စကားပြောစက် အားသွင်းခုံ ၂ခု၊ Equipment အီကွေးမင်း ၁ခု၊ ရေဗူးတစ်လုံး၊ မှန်ပြောင်းတစ်ခုတို့နှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။

 

ထို့သို့ ဖမ်းဆီးပြီးနောက် တော်လှန်ရေးမဟာမိတ်တပ်များမှ စစ်ဆေးခဲ့ပြီး ၃ ဦး ကို ပြန်လွှတ်ပေးကာ ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့ကို ဆက်လက်စစ်ဆေးမေးမြန်းနေစဉ် သိမ်းဆည်းထား သော လက်နက်များကို လုယူပြီး ပစ်ခတ်ခဲ့ရာ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

 

“ကျနော်တို့ ဖမ်းပြီးတော့ ထိန်းသိမ်းလာပြီးစစ်နေတဲ့အချိန်မှာ အဲဒီနှစ်ယောက်က လက်နက်လုပြီး တော့ပြန်ပစ်လို့လေ။ အဲဒါကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တာပါ” ဟု ဒေါနစစ်ကြောင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

 

သေဆုံးသူ ပြည်သူ့စစ်ခေါင်းဆောင်နှင့်ဒုခေါင်းဆောင်တို့သည် အာဏာသိမ်းစစ်ကောင်စီ၏ စစ်မှု ထမ်း စနစ် အကောင်အထည်ဖော်ရေး ၊ တပ်သားစုဆောင်းရေးနှင့် အရပ်သားပြည်သူများအား လက်နက်ကိုင်ခြိမ်းခြောက်ခြင်းများပြုလုပ်နေသဖြင့် ကျေးရွာနေ ပြည်သူများက လက်နက်ဖြုတ် သိမ်းပေးရန်နှင့် အရေးယူပေးပါရန် တိုင်ကြားခဲ့သဖြင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လုပ်ဆောင်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေး တပ် (MSRF) ၊ ရေးသိမ်းငှက် (ဒေါနစစ်ကြောင်း လုံခြုံရေးတပ်ခွဲ) ၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ် ရေးအဖွဲ့ (KBDF) – ဒေါနတပ်ခွဲ ၄ နှင့် ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ – ၇ တို့ ပူး ပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ် ကြောင်းကို တိုက်ခိုက်ချေမှုန်းရန် ဆွဲလွဲကျင်း -ကျင်ဒွေးလမ်းပိုင်းနှင့် ဆော -ကန်ပကလက်လမ်းပိုင်း များကို ယာယီပိတ်လိုက်ကြောင်း CDF Kanpetlet က ထုတ်ပြန်သည်။...