CDM News

CDM News

ရွှေဘိုမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်တို့တွင် စစ်သား ၁ ဦးနှင့် ​ပြည်သူ့စစ် ၁ ဦး တို့ လက်နက်ခဲ ယမ်းများနှင့် အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၀

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ၊ ဇီးဖြူကုန်း ပျူစောထီးရွာမှ ​ပြည်သူ့စစ် ၁ ဦး သေနတ် ၁ လက်ယူ ဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း People’s Defence Force Shwebo District ထံမှ သိရ သည်။

ဧပြီလ ၁ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးရွာမှ ​ပြည်သူ့စစ် ၁ ဦးသည် ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်းထံသို့ G3 ၁ လက် ၊ ကျည်ဘောက် ၃ ခု၊ ကျည် ၆၆ တောင့် ၊ လက်ပစ်ဗုံး ၂ လုံးတို့ နှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

“တစ်ရက်ထက်တစ်ရက် စစ်ကောင်စီဟာ အင်အားချို့တဲ့ လာတာကြောင့် ပြည်သူ့ဘက်သို့ အမြန် ဆုံး ခိုလှုံလာဖို့ တိုက်တွန်းလိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုထမ်းအမိန့် ကြေညာချက် ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်သို့ ရပ်တည်လိုသည့် စစ်ကောင်စီ တပ်သားများအနေနဲ့ အချိန်မရွေး ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်သို့ခိုလှုံကြဖို့ အသိ ပေးပြောချင်ပါတယ်” ဟု People’s Defence Force Shwebo District မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သောကြောင့် ထိုက်ထိုက်တန်တန် ဆုကြေးငွေ ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

 

အလားတူ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ခမရ ၅၉၂ မှ တပ်သား ၂ ဦးလက်နက်ဖြင့် အလင်းဝင်ခဲ့ကြောင်း KNLA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ ထံမှ သိရသည်။

 

ဧပြီလ ၈ ရက်နေ့က အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၂ တပ်သားတစ်ဦးသည် MA1 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၁၅၀ တောင့် ၊ ကျည်ကာ တစ်စုံ၊ ကျည်ဘောက် ၄ ဘောက် တို့ နှင့်အတူ တပ်မဟာ ၂ တပ်ရင်း ၅ ထံ လာရောက်ပူးပေါင်းအလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရန်ကုန်မြို့ပေါ်ရှိ တောင်ဒဂုံမြို့နယ် လဝက ရုံးကို ပြင်းအားမြင့်လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု စစ်သား များ ထိခိုက်မှုရှိနိုင်   သံလွင်မြန်မာသတင်း ဩဂုတ်လ ၃   ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်လဝကရုံးကို ပြင်းအားမြင့် လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Yangon Army ထံမှ...