Dawei News

Dawei News

ထားဝယ်မြို့နယ်၊ မောထစစ်တပ်စခန်းမှ အကြမ်းဖက်စစ်သားအားလုံး ထိုင်းနိုင်ငံဘက်ထွက်ပြေး

 

D Day News

ဧပြီလ ၂၅

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မောထစခန်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သားအားလုံး ထိုင်းနိုင်ငံဘက်ထွက်ပြေးတိမ်းရှောင်သွားကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၂၄ ရက် နေ့က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ် နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်၊ ထီးမိုပွာအတွင်းရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ မောထ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၄ ၊ တပ် မဟာ ၆ စစ်သည်တော်များနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် ကောင်စီတပ်သားများ အားလုံးထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားပြီး စခန်းသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

အဆိုပါ စစ်တပ်စခန်းသည် ၁၉၉၇ ခုနှစ်ကတည်းက အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၉ တပ်ရင်းမှ တပ်သားများ လာရောက်အခြေချနေထိုင်ခဲ့သည့် တပ်ရင်းတစ်ခုဖြစ်ကြောင်း၊ ယခုအခါ အကြမ်းဖက် စစ်သား ၄၀ ခန့်ဖြင့် တပ်စွဲထားခြင်းဖြစ်ပြီး ယင်းစခန်းအကြမ်းဖက်စစ်တပ်စခန်းအတွင်းမှ လက်နက် ၃၄ လက်နှင့် ခဲယမ်းများအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“စခန်းကို အလွယ်တကူပဲ သိမ်းပိုက်ရရှိပါတယ်။ တိုက်ပွဲက အကြီးအကျယ်ဖြစ်တာမဟုတ်ဘူး၊ သူတို့သေချာခံမပစ်ပဲ ကြောက်ပြီး ထွက်ပြေးသွားတာ၊ လက်နက်တွေပါ ထားပြီးထွက်ပြေးကြတာ။ လက်နက် ၃၀ ကျော်၊ လက်နက်ကြီး ကျည်တွေရောခဲယမ်း တွေရပါတယ်။ စခန်းကိုတော့ အပြီး သတ်နယ်မြေရှင်းလင်းပြီး ပါပြီ။” ဟု တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောကြားသည်။

 

ယင်းအကြမ်းဖက်စစ်တပ်စခန်းသည် မြိတ်မြို့အခြေစိုက် ခလရ ၁၇ တပ်ရင်းမှ တပ်ရင်းမှူး နှင့် ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် အင်အား ၄၀ ခန့်ဖြင့် အထိုင်ချထားသည့် ရှေ့တန်းစခန်းတစ်ခုဖြစ် ကြောင်း၊ အကြမ်းဖက်စစ်သားများမှ အရပ်ဝတ်များဖြင့် ထွက်ပြေးသွားကြခြင်းဖြစ်ပြီး စခန်းသိမ်း ပိုက်ပြီးနောက် ဧပြီလ ၂၄ ရက် နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက်စစ်တပ် ရဟတ်ယာဉ်တစ်စီးဖြင့် လာရောက် ဗုံးကြဲကာ စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...