International News

International News

ငလျင်ဘေးသင့်မြန်မာပြည်သူတွေ အနေဖြင့် အကူအညီမပါဘဲ ပြန်လည်ရုန်းထနိုင်ရန် အလွန်ခက်ခဲ ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကြီးအကဲ Tom Fletcher ပြော (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၉

 

ငလျင်ဘေးသင့်မြန်မာပြည်သူတွေ အနေဖြင့် အကူအညီမပါဘဲ ပြန်လည်ရုန်းထနိုင်ရန် အလွန်ခက်ခဲ ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကြီးအကဲ Tom Fletcher ပြောကြားသည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းမြေငလျင်ကြောင့် ၁၀ ရက်အတွင်း သေဆုံး ၃၅၀၀ ၊ ပျောက်ဆုံးသူ ၂၀၀ ၊ ဒဏ်ရာရသူ ၅၀၀၀ ရှိပြီး စာရင်းများ ထပ်မံတိုးလာနေဆဲဖြစ်ကြောင်း၊ လူဦးရေ ၉ ဒသမ ၁ သန်း ငလျင်ဘေးဒဏ်ခံစားခဲ့ရပြီး ငလျင်ဘေးသင့်ရာဒေသများတွင် နေထိုင်သူဦးရေ ၁၇ ဒသမ ၂ သန်းရှိကြောင်း၊ ၎င်းတို့မှာ အချိန်အခါမဟုတ်မိုးရွာသွင်းမှုကြောင့် အခြေအနေသည် ဆိုးရွား သထက်ဆိုးစေကြောင်း ထုတ်ပြန်ထားသည်။

“မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြောင့် လူသိန်းပေါင်းများစွာရဲ့ ဘ၀တွေ ပျက်စီးခဲ့ရပါ တယ်။ ဒီမိသားစုတွေဟာ အကူအညီမပါဘဲ ပြန်ရုန်းထနိုင်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ခိုလှုံစရာ နေရာမဲ့၊ သန့်ရှင်းတဲ့ သောက်သုံးရေမရှိ၊ ဘေးကင်း လုံခြုံမှုဆိုတာမရှိ။ ငလျင်ဘေးသင့်ပြည်သူ တွေနဲ့ အတူ ရပ်တည်ကြရအောင်ပါ” ဟု ကုလသမဂ္ဂ လူသား ချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Tom Fletcher က ပြောဆိုသည်။

 

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Tom Fletcher သည် ငလျင်ဘေးသင့်ပြည်သူ များ ပြန်လည် ထူထောင်၊ ပြန်လည် တည်ဆောက်နိုင်ရန် အကူအညီများ အရေးတကြီးလိုအပ်နေ သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့သူဖြစ်သည်။

 

“နဂိုကတည်းက ဘာမှမရှိပါဘူးဆိုတဲ့သူတွေကိုမှ အထိခိုက်ဆုံး ဖြစ်ခဲ့ရတယ်။ ဒီလို အဖြစ်ဆိုးတွေ၊ ဆိုးရွားလွန်းတာတွေ ကြုံခဲ့ရတဲ့သူတွေကို ကမ္ဘာက ကူညီပံ့ပိုးပေးမှ ရမှာပါ။” ဟု ကုလသမဂ္ဂ လူသား ချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Tom Fletcher က မြန်မာနိုင်ငံမှာရှိ မြေငလျင်ဘေးသင့်ခဲ့သည့် နေရာ ဒေသများကို သွားရောက်သည့် ခရီးစဉ်အဆုံး Al Jazeera သတင်းဌာနနှင့်တွေ့ဆုံစဉ် ပြော ဆိုထားသည်။

 

UN OCHA အနေဖြင့် ငလျင်ဘေးသင့်ပြည်သူ ၁၆၅,၀၀၀ အတွက် အမိုးအကာ ၊ ရေ ၊ တစ်ကိုယ်ရည် သန့်ရှင်းရေး ပစ္စည်းစုံ ၊ စားနပ်ရိက္ခာ ၊ ဆေးဝါးနှင့် ရွေ့လျား ကျန်မာရေး ဝန်ဆောင်မှုများ ကူညီပေး အပ်ခဲ့ကြောင်း၊ သို့သော်လည်း လိုအပ်ချက် အများအပြားရှိနေဆဲဖြစ်ပြီး အခြေခံ လိုအပ်ချက်များ ရဖို့ ပင် ခက်ခဲနေကြရသူ အများကြီးရှိကြောင်း အသိပေးထားသည်။

 

မြန်မာနိုင်ငံ ငလျင် တုံ့ပြန်ရေးအတွက် နိုင်ငံ ၁၃ နိုင်ငံက မြို့ပြ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၃၀ ကျော် လာရောက်ကာ ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့သည့်နေရာများ ဝင်ရောက်ကူညီခဲ့ကြပြီး ယခုအခါ ပြန် လည် ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

တမူးမြို့နယ်၊ ပန်းသာကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၂ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၀   စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်းသာကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Zo Army...