KIO/KIA News

KIO/KIA News

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် KIO နှင့် PSLF ကြားနယ်မြေအငြင်းပွားမှုနှင့် ပတ် သက်၍ ညှိနှိုင်းဆွေးမှု စတင်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၉

 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် KIO နှင့် PSLF တို့ကြား နယ်မြေအငြင်းပွားမှုများနှင့် ပတ်သက်၍ ညှိုနှိုင်းဆွေးနွေးမှု စတင်နေပြီဖြစ်ကြောင်း KIO ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က အသိပေးထားသည်။

 

ယနေ့ ဧပြီလ ၉ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် “မေတ္တာရပ်ခံခြင်း” ခေါင်း စဉ်ဖြင့် အသိပေးထားခြင်းဖြစ်ပြီး ဒေသတွင်းရှိမိဘပြည်သူများနှင့် မီဒီယာများအနေဖြင့် အပြုသ ဘောဆောင်သော ကူညီမှုများပံ့ပိုးပေးကြပါရန်မေတ္တာရပ်ခံထားသည်။

KIO နှင့် PSLF နှစ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေး ညှိနှိုင်းရေးများ စတင်နေပြီဖြစ်ကြောင်း၊ သက်ဆိုင် ရာ ဒေသတွင်းရှိ မိဘပြည်သူများ နားလည်ကူညီပေးကြပါရန်နှင့် အွန်လိုင်း သုံးစွဲသူများ ၊ မီဒီယာ များ၊ အကြံပေးထောက်ပြလိုသူများ ထံမှလည်း အပြုသဘောဆောင်သော ကူညီ ပံ့ပိုးမှုများကို မျှော် လင့်ပါကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က ရေးသားထားသည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်၊ မန်တုံ၊ နမ့်ခမ်း၊ မိုးမိတ်စသည့်မြို့နယ်တို့တွင် KIO/KIA နှင့် PSLF/TNLA တို့အကြား နယ်မြေအငြင်းပွားမှုဖြစ်ပွားခဲ့ရာ အောက်ခြေတပ်ဖွဲ့ဝင်အချင်းချင်း ထိုးကြိတ်ရိုက်နှက်မှုဖြစ်သည်အထိ ပြင်းထန်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပြည်သူလူထုကို ဦးတည်၍ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

ဖားကန့်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပြည်သူလူထုကို ဦးတည်၍ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၄   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့က ပြည်သူလူထုကို ဦးတည်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ယနေ့ ဩဂုတ်လ ၄ ရက်...