CDM News

CDM News

ဟားခါးမြို့တွင် ရဲ ၁ ဦးနှင့် စစ်မှုထမ်းတပ်သား ၂ ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၈

 

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် တာဝန်ကျနေသော ရဲ ၁ ဦးနှင့် စစ်မှုထမ်းတပ်သား ၂ ဦး တို့ လက် နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း Chinland Defense Force – Hakha ထံမှ သိရသည်။

 

ဧပြီလ ၆ ရက်နေ့က ဟားခါးမြို့၊ စိုက်ပျိုးရေးခြံတွင် တာဝန်ကျနေသော စစ်ကောင်စီလက်အောက်ခံ အသက် ၂၅ နှစ်အရွယ် ရဲတပ်သား သန့်ဇင်ဖြိုးသည် ၎င်းကိုင်ဆောင်သော BA 63 (G3) အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၁၄၇ တောင့်၊ ကျည်ဘောက်တစ်ခုတို့ ယူဆောင်ကာ Chinland Defense Force – Hakha ထံသို့ အလင်းဝင်လာခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၂၅ ရက်နေ့ကလည်း ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်မှုထမ်းတပ်သား ၂ ဦး သည်လက်နက်ခဲယမ်းများယူဆောင်ပြီး Chinland Defense Force – Hakha ထံ အလင်းဝင်ခဲ့ ကြောင်း သိရသည်။

 

ထိုသို့ စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးသို့ ပူးပေါင်းပါဝင်လာသည့် ရဲတပ်သားနှင့် စစ်မှုထမ်း တပ်သား ၂ ဦး ကို Chinland Defense Force – Hakha မှ နွေးနွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆုကြေးများ ချီးမြှင့် သည့် အပြင် လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီ လက်အောက်တင် ဆက်လက် တာဝန်မထမ်းဆောင်ပဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်း ခိုလှုံလာသူများကို Chinland Defense Force – Hakha မှ အမြဲတမ်းကြိုဆိုကြောင်းနှင့် လုံခြုံ သည့်နေရာ ရောက်သည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု သံဃာ ၁ ပါး၊ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၂ ဦး‌ သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ၊ နေအိမ် ၁၀ လုံး၊ ကား ၃ စီးနှင့် ဆိုင်...