Sagaing News

Sagaing News

အင်းတော်မြို့တွင် နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သည့် ဂျပန်လှိုဏ်ဂူကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ စစ်သုံ့ပန်း၊ ၁၂၂ မမ လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်း ဆည်း ရရှိ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၈

 

စစ်ကိုင်းတိုင်း၊ အင်အားတော်မြို့တွင် နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူကို အပြီး သတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပန်း၊ ၁၂၂ မမ လက်နက်ကြီးများအပါအဝင် လက်နက်ခဲ အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ညပိုင်းက အင်းတော်မြို့ရှိ နောက်ဆုံးလက်ကျန် တပ်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူကို KIA ဦးဆောင်သော တော်လှန်ရေး တပ်များက အပြီးသတ်တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကို ဆက် တိုက် လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

“စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရရှိတယ်။ ၁၂၀ မမ ၊ ၁၂၂ လက်နက်ကြီးတွေနဲ့ လက်နက်ခဲယမ်းတွေ အများကြီးရပါတယ်၊ အင်းတော်ကို ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရတယ်။ စစ်ကူစစ်ကြောင်းတွေကိုလည်း အကြိမ်ကြိမ် ကြားဖြတ် တိုက် ခိုက်ခဲ့ရတယ်။ ကိုယ့်ဘက်ကလည်း ထိခိုက် ဆုံးရှုံးမှုတွေရှိပါတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

 

အင်းတော်မြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ KIA ဦးဆောင်သော တော်လှန်ရေးတပ် ဖွဲ့ များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အင်းတော်မြို့ရဲစခန်း၊ ထွေ/ အုပ်ရုံး၊ နဘားလမ်းဆုံနှင့် နဘားရွာဘုန်းကြီးကျောင်းရှိ စစ်စခန်းများကို KIA ပူးပေါင်းတပ်က တိုက် ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် အင်းတော် ရဲစခန်းနှင့်ထွေအုပ်ရုံးမှ ဆုတ်ခွာသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ အင်းတော်မြို့ရှိ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတွင် တပ်မ ၇၇ ၏ ရှေ့တန်းဌာနချုပ်အဖြစ် ခံစစ်လုပ်ကာ ခုခံခဲ့ကြောင်း၊ အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန် လှိုဏ်ဂူစခန်းကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ၇ လကျော်တိုက်ခိုက် သိမ်းပိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုအခါ အင်းတော်မြို့နယ်သည် စစ်ကောင်စီကင်းစင်သွားပြီဖြစ်ပြီး ယင်းတိုက်ပွဲအတွင်း ပခုက္ကူ ခရိုင် ၊ အမှတ် ၈ တပ်ရင်းမှ အာဇာနည် ရဲဘော် မင်းထက်အောင် (ခ)ပြုံးချိုသည် အသက်စွန့် ပေး ဆပ်လိုက်ရပြီး ကျန်ရဲဘော်တစ်ဦးမှာ ပေါင်တွင် လက်နက်ကြီး ထိမှန် ဒဏ်ရာ အသက်အန္တရာယ် မစိုးရိမ်ရ ရရှိခဲ့ကြောင်း MC – KC DF ထံမှ သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာမှ ပျူစောထီးများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၅   ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာမှ ထွက်လာသော ပျူစောထီး များကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ၊...