Yangon News

Yangon News

မင်္ဂလာဒုံမြို့နယ်၊ တပ်နယ်မှူးရုံးမှ လှည့်ကင်းကားကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက် ခိုက်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၈

 

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ တပ်နယ်မှူးရုံးမှ လှည့်ကင်းကားကို အဝေးထိန်းမိုင်းဆွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Operation Flame မှ ထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်အချိန် မင်္ဂလာဒုံမြို့နယ်၊ တပ်နယ်မှူးရုံးမှ ထွက် လာသော စစ်တပ် လှည့်ကင်းကားသည် သက်ဆိုင်ရာ တပ်နယ်မြေအတွင်းသို့ ကင်းလှည်ပြီး ရုံးသို့ ပြည်လည် ဝင်ရောက်လာစဉ် Operation Flame မှ တော်လှန်ရေး ရဲဘော်များက အဝေးထိန်းမိုင်း ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေ အတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“မင်္ဂလာဒုံ တပ်နယ်မှူးရုံးကို ဖောက်ခွဲတိုက်ခိုက်တာ လှည့်ကင်းကား ပြန်အဝင်ကို ချိန်ကိုက်မိုင်း သုံးပြီး တိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။ မိုင်းက ၁ လုံးပဲ ကွဲတယ်။ ကွဲတဲ့ ၁ လုံးကလည်း ကားအဝင်ကို ချိန်ကိုက်မိလိုက်ပါတယ်။ စခတွေ ထိခိုက်မှုရှိပါတယ်။ မိုင်းကွဲပြီးတဲ့ အချိန် စစ်ခွေးတွေ ချက်ချင်း ရောက်လာလို့ ရဲဘော်တွေ အမြန်ပြန်ဆုတ်ခဲ့ရပါတယ်” ဟု Operation Flame မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

Operation Flame အဖွဲ့အနေဖြင့် ရန်ကုန် တော်လှန်ရေး မဟာမိတ်များ အားလုံးနှင့်အတူလက်တွဲ၍ အ ကြမ်း ဖက် စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝ လက်ခံမည်မဟုတ်ပဲ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဟု Operation Flame အဖွဲ့ထုတ်ပြန်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃၀   အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝ လက်ခံမည်မဟုတ်ပဲ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Operation Flame အဖွဲ့ကထုတ်ပြန်သည်။  ...