KNU News

KNU News

ဒွယ်လိုးမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ၃ လသား ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၇

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့ နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃ လသားအရွယ် ကလေး ငယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

 

ဧပြီလ ၂ ရက် ညနေ ၄ နာရီ ၂၂ မိနစ်က ဒွယ်လိုး မြို့နယ်၊ လေးဖိုးထာကျေးရွာအုပ်စု၊ နဲကကျေးရွာအ တွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ၁ ကြိမ်လာရောက်၍ ဗုံးသီး ၃ လုံး ကြဲချခဲ့ရာ နဲကကျေးရွာနေ အသက် ၃ လသားအရွယ် စောခင်မောင်လွင်တွင် ရင်ဘတ်ထိမှန်ဒဏ်ရာ၊ အသက် ၁၂ နှစ်အရွယ္ ၄ တန်းကျောင်းသူ နောဝါစိုဖော် တွင် ရင်ဘတ်ထိမှန်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ ကြောင်း သိရသည်။

ထို့အပြင် အသက် ၁၀ နှစ်အရွယ် ၃ တန်းကျောင်းသူ နော်သောရီဖော တွင် တင်ပါးထိခိုက်ဒဏ်ရာရ ၊ အသက် ၅၄ နှစ်အရွယ် ဦးစောမင်းတွင် ကျောရိုးဘယ်ဘက်ခြမ်း ဒဏ်ရာ၊ အသက် ၅၀ အရွယ် နော် မူဆိ တွင် ခြေထောက်ထိခိုက် ဒဏ်ရာရ ရရှိခဲ့ကာ နေအိမ် ၃ လုံးလည်းပျက်စီးခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများ ငလျင်ဘေးသင့်၍ အတိဒုက္ခရောက်နေချိန် တွင် ဒေသခံပြည်သူများရှိရာသို့ လက်နက်ကြီးများ၊ လေကြောင်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက် လျက်ရှိရာ ဒေသခံပြည်သူများမှာ စိုးရိမ်ကြောင့်ကြစွာဖြင့် နေထိုင်နေရကြောင်း KNU ဗဟိုက အသိ ပေးထားသည်။

Photo – စစ်ကောင်စီမှ နဲကကျေးရွာသို့လက်နက်ကြီးပစ်ခတ်သဖြင့် ပြည်သူများသေဆုံး၊ ထိခိုက် ဒဏ်ရာရနှင့် နေအိမ်များထိခိုက်ပျက်စီးမှုမှတ်တမ်းများ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
MNDAA News

MNDAA News

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရ ပြည်သူများ၏ မိသားစုဝင်များကို MNDAA က ထောက်ပံ့ကြေးပေးအပ်   သံလွင်မြန်မာသတင်း ဩဂုတ်လ ၂   ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသည့် ကွက်ကိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး ယင်းပြည်သူာများ...