TNLA News

TNLA News

နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအပါအဝင် ကြဲချတိုက်ခိုက်မှု နေ အိမ် ၄ လုံး ပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ၊ တောင်ခမ်းဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်က ဓာတုအဆိပ်ငွေ့ဗုံးအပါအဝင် ဗုံးအများအပြားဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် ၄ လုံး ပျက် စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၅ ရက် မွန်းလွဲ ၂ နာရီက တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ အမှတ် ၉၀၂ တပ်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စစ်တပ်မှ အ ဆိပ်ငွေ့ ဗုံး ၃ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဧပြီလ ၅ ရက် ည ၁၀ နာရီ ၁၁ မိနစ်ကလည်း နောင်ချိုမြိုနယ်၊ နောင်လင်ကျေးရွာနှင့် နမ့် ဆောင်ဟူးကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၃ ကြိမ် လာရောက်ကြဲချခဲ့ရာ နေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ၊ ထို့အပြင် ဧပြီလ ၅ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်က မိုးကုတ်မြို့အနောက် ပိုင်း ပင့်ကူတောင်အောက် အနီးတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အပစ်ရပ်ကြေညာခဲ့ပြီးနောက် ဧပြီလ ၃ ရက်က သပိတ်ကျင်းမြို့နယ် ၇ မိုင်တွင်လည်း ဂျက်ဖိုက်တာ ဖြင့် ၄ ကြိမ်၊ ဗုံး ၈ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊  စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ တစ်ဖက်သက်အပစ်ရပ်ကြေညာပြီးနောက်တွင်  အင်အားများ ဖြည့်တင်းခြင်း၊ တိုက်ပွဲများ အတွက် ထိုးစစ်ဆင်ခြင်း၊ တိုက်ပွဲများမဖြစ်ပွားခဲ့သောနေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြု လုပ်နေကြောင်း အသိပေးထားသည်။

 

ပြီးခဲ့သည့် မတ်လ (၂၈)ရက်တွင် မြန်မာနိုင်ငံတွင် ပြင်းအား ၇.၇ရှိသည့်ငလျင်လှုပ်ခတ်နေချိန် နေ့ လယ် ၁ နာရီ ၅ မိနစ်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်  နောင်လင်ကျေးရွာအတွင်း ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချမှုကြောင့် ဒေသခံနေအိမ် ၃ လုံးနှင့် စာသင်ကျောင်း ၂ ကျောင်း ထိမှန်ပျက်စီးခဲ့ ကြောင်း သိရသည်။

 

ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ ရက်ပေါင်း ၂၀ ကြာ အပစ်ခတ်ရပ်ခဲ့သော စစ်ကောင်စီတပ်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAအုပ်ချုပ်သော မြို့နယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် ဗုံးကြဲခြင်းစသည့်လုပ်ရပ်များ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

 

လက်ရှိချိန်ထိ မြန်မာနိုင်ငံတဝန်းတွင် ငလျင်ဒဏ်ကြောင့် ဧပြီလ ၅ ရက်အထိ  သေဆုံးသူ ၃၄၅၅ ဦး၊ ဒဏ်ရာရသူ ၄၈၄၀ ဦးနှင့် ပျောက်ဆုံးနေသူ ၂၂၀ ဦးအထိ ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ် လေကြောင်း ဖြင့် အဆက်မပြတ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦး အပြင်း အထန် ဒဏ်ရာရ   သံလွင်မြန်မာသတင်း ဇွန်လ ၈   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်းပေါ်ရှိ ကန်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲဆက် လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က...