NUG News

NUG News

ငလျင်ဘေးဒဏ်သင့်ပြီးနောက်ပိုင်း တစ်ပတ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းနှင့် လက် နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၁၅ ဦး အပါအဝင် ပြည်သူ ၆၈ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၅

 

ငလျင်ဘေးဒဏ်သင့်ပြီးနောက်ပိုင်း တစ်ပတ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်း၊ လက် နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၁၅ ဦး အပါအဝင် ပြည်သူ ၆၈ ဦး သေဆုံးကြောင်း NUG ၊ လူ့အခွင့်အရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ဧပြီလ ၂ ရက်နေ့တွင် ငလျင်ဒဏ် ပြန်လည် ထူထောင်ရေး ရက် ၂၀ အကြာ ယာယီအပစ်အခတ် ရပ် စဲကြောင်း စစ်ကောင်စီက ကြေညာပြီး နောက်တနေ့တွင်ပင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို နံနက် ၈ နာရီ ၅၆ မိနစ်တွင် တကြိမ်၊ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တနိုင်းရွာကို နံနက် ၁၀ နာရီ ခန့် တွင် တကြိမ် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်ဘေးဒဏ်ကို ကြုံ တွေ့နေရပြီးနောက်ပိုင်း တပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုသည် လေကြောင်းနှင့် လက်နက်ကြီး ဖြင့် တိုက်ခိုက်မှုစုစုပေါင်း ၆၃ ကြိမ် ပြုလုပ်ခဲ့ရာ ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၁၅ ဦးအပါအဝင် အ ရပ်သားပြည်သူ ၆၈ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုများတွင် ငလျင်ဘေးဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရသည့် စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှု ၁၃ ကြိမ်နှင့် မန္တလေးတိုင်းအတွင်း ၈ ကြိမ် ပါဝင်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် အကြမ်းဖက် စစ်အုပ်စုသည် ဧပြီလ ၃ ရက်နေ့မှစ၍ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း မြေပြင်စစ်ကြောင်းများမှတဆင့် ထိုးစစ်ဆင်မှုများ ပြုလုပ်နေဆဲဖြစ်ရာ ကျေးရွာ ၆ ရွာအတွင်းရှိ အ ရပ် သားပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင် နေရကြောင်း သိရသည်။

 

မြန်မာနိုင်ငံအနှံ့အပြားတွင် ဆိုးရွားသည့်နိုင်ငံတကာရာဇဝတ်မှုများတွက် ဖြစ်သော လူမျိုးသုဉ်း သတ် ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို စနစ်တကျနှင့် ကျယ် ကျယ်ပြန့်ပြန့်ကျူးလွန်နေသောအကြမ်းဖက်စစ်အုပ်စုသည် ပြင်းထန်သည့်လူသားချင်းစာနာထောက် ထားမှု အကြပ်အတည်းကို ရင်ဆိုင်နေရသည့် ယခုလိုအချိန်တွင်ပင် ဆက်လက် ကျူးလွန်လျက် ရှိကြောင်း အသိပေးထားသည်။

 

အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်လှသည့် ရာဇဝတ်မှုများအတွက် တာဝန်ခံစေမှုများ အ မြန်ဆုံးပေါ်ထွန်းလာစေရန်အတွက် နိုင်ငံတကာက ဝိုင်းဝန်းကြိုးပမ်း အားထုတ်ပေးကြရန်၊ ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရများ၊ အဖွဲ့အစည်းများအနေဖြင့် ငလျင်ဘေးဒဏ်သင့် ပြည်သူ များအတွက် အရေးပေါ် အကူအညီများ ကူညီရာတွင် အကြမ်းဖက် စစ်အုပ်စုမှတဆင့် တိုက်ရိုက် ကူ ညီခြင်းမပြုဘဲ အရပ်ဘက်အဖွဲ့အစည်းများမှတဆင့်၊ တော်လှန်ရေးအင်အားစုများ မှတဆင့် နည်း လမ်းများကို ဖော်ထုတ်၍ ငလျင်ဘေးဒဏ်သင့်ပြည်သူများကို ထောက်ပံ့ ကူညီမှုများ ပြုလုပ်ပေး ကြပါရန် NUG အစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးတွင် ရွေးကောက်ပွဲအတွက် အ စည်းအဝေးပြုလုပ်သည့် စစ်သား၊ ရဲ ၊ ပျူနှင့် အုပ်ချုပ်ရေးမှူးအပေါင်းပါများကို မိုင်းခွဲတိုက်ခိုက်မှု ၃ ဦး မီးလောင်းဒဏ်ရာ အပြင်းအထန်ရ

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးတွင် ရွေးကောက်ပွဲအတွက် အ စည်းအဝေးပြုလုပ်သည့် စစ်သား၊ ရဲ ၊ ပျူနှင့် အုပ်ချုပ်ရေးမှူးအပေါင်းပါများကို မိုင်းခွဲတိုက်ခိုက်မှု ၃ ဦး မီးလောင်းဒဏ်ရာ အပြင်းအထန်ရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသည့် စစ်သား၊ ရဲ၊ ပျူနှင့်အုပ်ချုပ်ရေးမှူးအပေါင်းပါများကို မိုင်းခွဲတိုက်ခိုက်ခဲ့ ရာ ၃ ဦး မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း‌ မြောက်ဥက္ကလာပမြို့နယ် မြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ...