TNLA News

TNLA News

အပစ်ရပ်ကြေညာခဲ့သော စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မိုးကုတ်မြို့နယ်ကို လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၅

 

အပစ်အခတ်ရပ်စဲထားသည်ဟု ကြေညာခဲ့သော စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မိုးကုတ်မြို့နယ်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယနေ့ ဧပြီလ ၅ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ဝန်းကျင်က ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်လျက်ရှိပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မိုးကုတ်မြို့နယ်၊ ပင့်ကူတောင်အောက် ကို  စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးသီး ၂ လုံး ကြဲချတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဧပြီလ ၃ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ် ၇ မိုင်ဝန်းကျင်ကို အကြမ်းဖက်စစ်ကောင် စီတပ်က ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်၊ ဗုံးသီး ၈ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ညီနောင်မဟာ မိတ် ၃ ဖွဲ့ မှ ဧပြီလ ၁ လလုံးကို တစ်ဖက်သက်အပစ်ရပ်ကြေညာပြီး နောက် စစ် ကောင်စီကလည်း ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ အပစ်ရပ်ကြေညာခဲ့ကြောင်း၊ ထိုသို့ ကြေညာခဲ့သော် လည်း စစ်ကောင်စီတပ်ကအင်အားများ ဖြည့်တင်းခြင်း၊ တိုက်ပွဲများ အတွက် ထိုးစစ်ဆင်ခြင်း၊ တိုက် ပွဲများဖြစ်ပွားခြင်းမရှိသည့်နေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

 

ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံတွင် ပြင်းအား ၇.၇ ရှိသည့်ငလျင်လှုပ်ခတ်ချိန် မွန်းလွဲ ၁ နာရီ ၅ မိနစ်ကလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်  နောင်လင်ကျေးရွာအတွင်း ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချခဲ့ရာ ဒေသပြည်သူပိုင် နေအိမ် ၃ လုံးနှင့် စာသင်ကျောင်း ၂ ကျောင်း ထိမှန်ပျက်စီးခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးတွင် ရွေးကောက်ပွဲအတွက် အ စည်းအဝေးပြုလုပ်သည့် စစ်သား၊ ရဲ ၊ ပျူနှင့် အုပ်ချုပ်ရေးမှူးအပေါင်းပါများကို မိုင်းခွဲတိုက်ခိုက်မှု ၃ ဦး မီးလောင်းဒဏ်ရာ အပြင်းအထန်ရ

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးတွင် ရွေးကောက်ပွဲအတွက် အ စည်းအဝေးပြုလုပ်သည့် စစ်သား၊ ရဲ ၊ ပျူနှင့် အုပ်ချုပ်ရေးမှူးအပေါင်းပါများကို မိုင်းခွဲတိုက်ခိုက်မှု ၃ ဦး မီးလောင်းဒဏ်ရာ အပြင်းအထန်ရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသည့် စစ်သား၊ ရဲ၊ ပျူနှင့်အုပ်ချုပ်ရေးမှူးအပေါင်းပါများကို မိုင်းခွဲတိုက်ခိုက်ခဲ့ ရာ ၃ ဦး မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း‌ မြောက်ဥက္ကလာပမြို့နယ် မြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ...