Jail News

Jail News

ငလျင်ဒဏ်ကြောင့် အိုးဘိုအကျဥ်းထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသူ ၆ ဦး ကျဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၅

 

မန္တလေးတိုင်း၊ မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်အတွင်း၌ မြေလျင်ဘေးဒဏ်သင့်မှုကြောင့် နိုင်ငံရေး အကျဉ်းသူ ၆ ဦးကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ထုတ်ပြန်သည်။

 

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် မန္တလေးမြို့ ၊ အိုးဘိုအကျဉ်းထောင် အ တွင်းရှိ အမျိုးသမီးအဆောင် ၁ နှင့် အဆောင် ၂ တို့ ပြိုကျခဲ့ကြောင်း၊ ထိုသို့ ပြုကျခဲ့သည့်အတွက် ယင်းအဆောင်များတွင် မတရားဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသူများထဲမှ ၊ မမိုး သူဇာခိုင် ၊ ဒေါ်လဲ့လဲ့စိုး ၊ ဒေါ်ခင်အုန်းရွှေ ၊ မကေကေဝင်း ၊ မပပဝင်း နှင့် မဖူးဝေဝေ တို့ကျဆုံးခဲ့ ကြောင်း သိရသည်။

 

ငလျင်ကြောင့် အိုးဘိုထောင်တွင် အနည်းဆုံး လူ ၁၂ ဦးသေဆုံးမှုရှိခဲ့ပြီး သတင်းအချက်အလက် ရရှိ မှုအပေါ်မှုတည်၍ PPNM အနေဖြင့် စုံစမ်းအတည်ပြုခဲ့ရာ အထက်ဖော်ပြပါ နိုင်ငံရေးအကျဉ်းသူ (၆)ဦး ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU ဆောထိမြို့နယ်နှင့် ကစယ်ဒိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ နေအိမ် ၃ လုံးပျက်စီး

KNU ဆောထိမြို့နယ်နှင့် ကစယ်ဒိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ နေအိမ် ၃ လုံးပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ KNU ဆောထိမြို့နယ်နှင့် ကစယ်ဒိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီး များဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ နေအိမ် ၃ လုံးပျက်စီးခဲ့ ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၂...