Karenni State News

Karenni State News

လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်း၊ လက် နက်ကြီးဖြင့်တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၅

 

ကရင်နီပြည်၊ လွိုင်ကော်မြို့နှင့် မိုးဗြဲမြို့ကြားရှိ ပီကင်းကောခူးကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယမန်နေ့ ဧပြီလ ၄ ရက် နံနက် ၁၁ နာရီခွဲခန့်က လွိုင်ကော်မြို့နယ် ၊ ပီကင်းကောခူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပီကင်း ကောခူးကျေးရွာအတွင်းရှိ ပြည်သူ အမျိုးသား ၁ ဦး ထိမှန်သေဆုံးခဲ့ကြေင်း၊ အကြမ်းဖက်စစ်ကောင်စီ ၏ ခမရ ၄၂၂ တပ်ရင်းအတွင်းမှ မိုးဗြဲမြို့တွင်းနှင့် အနီးဝန်ကျင်ကျေးရွာများသို့ တစ်နေကုန်နီးပါး လက်နက်ကြီးများဖြင့် အကြောင်းမဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo – စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်

“မနက်ပိုင်းတပိုင်းလုံးနီးပါး ပီကင်းကောခူကျေးရွာနဲ့အနီးတဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဘယ်နှစ်လုံးလည်းဆိုတော့ အတိအကျပြောရခက်ပါတယ်။ နေအိမ်တွေ တော်တော်များများပျက်စီးတယ်။ ဘယ်လောက်ပျက်စီးတယ်ဆိုတာတော့ တိတိကျကျကောက်ခံနိုင် ခြင်းမရှိသေးပါဘူး” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

ထို့အတူ မွန်းလွဲ ၂ နာရီကျော်အချိန်တွင် လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူကျေးရွာအတွင်းသို့ စစ် ကောင်စီလေတပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ကျေးရွာတွင်းရှိနေအိမ်များ ထိမှန်ပျက်စီးကာ နေအိမ်များအတွင်းရှိနေသော အရပ်ပြည်သူ အမျိုးသား ၄ ဦး ထိမှန်သေဆုံးခဲ့ ကြောင်း၊ ထို့အပြင် ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတစ်ဝန်း သဘာဝဘေးသင့်နေချိန်တွင် ယာယီ အပစ်အခတ်ရပ်စဲ ထားမည်ဟု ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်း ကရင်နီပြည်နယ်တွင်းသို့ ဧပြီလ ၂ ရက် နေ့မှစ၍ ယနေ့ထိ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။

Photo – စစ်ကောင်စီတပ်ကလက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ပြည်သူများ

စစ်ကောင်စီသည် အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများကို အရှက် အရွံ့မဲ့စွာ ပြုလုပ်နေခြင်းဖြစ်ပြီး ၎င်းကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီသည် ၄င်းတို့၏ ထုတ်ပြန် ထားသည့် အပစ်အခတ်ရပ်စဲရေး ကြေညာချက်အတိုင်း လက်နာဆောင်ရွက်ခြင်းမရှိကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

မြန်မာနိုင်ငံ ငလျင်ဘေးသင့်ခဲ့သည့် မတ်လ ၂၈ ရက်နေ့ မှစ၍ ယနေ့အထိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြီး ၃ ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီး ပစ် ခတ်မှုများအား နေ့စဉ်နီးပါးလုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် စစ်နှင့်သဘာဝဘေးဆိုင်ရာ အန္တာရယ်များ အချိန်မရွေးကျရောက်လာနိုင်သည့် အတွက် လုံခြုံရေး အသိ သတိရှိကြရန် အထူးတိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းငေါ့မြို့ရဲစခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး ပြီး ၂ ဦးဒဏ်ရာရ ၊ နေအိမ် ၈ လုံးပျက်စီး

မိုင်းငေါ့မြို့ရဲစခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး ပြီး ၂ ဦးဒဏ်ရာရ ၊ နေအိမ် ၈ လုံးပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသော မိုင်းငေါ့မြို့ ရဲစခန်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက...