Jail News

Jail News

အိုးဘိုအကျဥ်းထောင်တွင် ငလျင်ဒဏ်ကြောင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသခွင့် မပေးပဲ ပိတ်ပင်တားဆီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၄

 

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် ငလျင်ဒဏ်ကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသခွင့်မပေးပဲ ပိတ်ပင်တားဆီးလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသား များကွန်ရက်- PPNM က ထုတ်ပြန်သည်။

 

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အိုးဘို အကျဉ်းထောင်အတွင်းရှိ အမျိုးသမီး အဆောင်များဖြစ်သော အဆောင် ၁ / ၂ နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်ဆီးခြင်းနှင့်အတူ အမျိုးသားအဆောင် အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့်အုတ်ရိုးများ ပြိုကျခဲ့ ကြောင်း သိရသည်။

ငလျင်ကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးပြီး ကျား/မအတည်ပြုရန်လိုအပ်နေဆဲ ၁ ဦး အပါအဝင် စုစုပေါင်း ၄ ဦးသေဆုံးမှုကို အတည်ပြုထားနိုင်ကြောင်း PPNM က ပြောဆိုသည်။

 

ငလျင်ကြောင့် ပြင်းထန်သည့်ထိခိုက်ဒဏ်ရာကြောင့် စိုးရိမ်ရသူ ၉ ဦးရှိပြီး ဆေးရုံတက်ရန် လိုအပ်သူ ၄၀ ကျော်ရှိကြောင်း၊  အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံ ထားရသူများစွာရှိကြောင်း သိရသည်။

 

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေ အနေများလည်း ရင်ဆိုင်ကြုံတွေ့နေရပြီး လက်ရှိ အကျဉ်းထောင်တွင် ဆေးဝါး ပစ္စည်းများ ဖြစ်သည့် အရက်ပြန် ၊ဂွမ်း ၊ အနာကျက်ဆေးရည်၊ ပတ်တီး စသည့်တို့ လိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မန္တလေးအိုးဘိုအကျဉ်းထောင်ကို မန္တလေးတောင်ပေါ်ရှိ စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၁၇ ဦးအပါအဝင် အကျဉ်းသားစုစုပေါင်း ၂၁ ဦးသေဆုံး

မန္တလေးအိုးဘိုအကျဉ်းထောင်ကို မန္တလေးတောင်ပေါ်ရှိ စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၁၇ ဦးအပါအဝင် အကျဉ်းသားစုစုပေါင်း ၂၁ ဦးသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်ကို မန္တလေးတောင်ပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ် က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၁၇ ဦးအပါအဝင် စုစုပေါင်းအကျဉ်း သား ၂၁ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများမိသားစုနှင့် PPNM တို့ထံမှ သိရသည်။ ဩဂုတ်လ ၈ ရက်နေ့၊...