Dawei News

Dawei News

ထိုင်း – မြန်မာနယ်စပ်၊ မောထ အကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် လက်နက် ၃၄ လက်နှင့်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

 

D Day News

ဧပြီလ ၂၅

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ မောထစခန်း ကို ဝင်ရောက်တိုက်ခိုက်စဉ် အကြမ်းဖက်စစ်သားများ ထွက်ပြေးသွားသဖြင့် လက်နက် ၃၄ လက်နှင့် အတူ ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်နှင့်တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

 

ဧပြီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်တွင် အကြမ်းဖက်စစ်သား ၄၀ ခန့်ဖြင့် တပ်စွဲထား သော ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မှ မောထစစ်ကောင်စီတပ်စခန်းကို KNLA ဦးဆောင် သော တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြီး ဧပြီလ ၂၄ ရက် နံနက် ၉ နာရီ ခန့်တွင် အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် စခန်းကို အ လုံးစုံသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“စခန်းကို အလွယ်တကူပဲ သိမ်းပိုက်ရရှိပါတယ်။ တိုက်ပွဲက အကြီးအကျယ်ဖြစ်တာမဟုတ်ဘူး၊ သူတို့သေချာခံမပစ်ပဲ ကြောက်ပြီး ထွက်ပြေးသွားတာ၊ လက်နက်တွေပါ ထားပြီးထွက်ပြေးကြတာ။ လက်နက် ၃၀ ကျော်၊ လက်နက်ကြီး ကျည်တွေရောခဲယမ်း တွေရပါတယ်။ စခန်းကိုတော့ အပြီး သတ်နယ်မြေရှင်းလင်းပြီး ပါပြီ။” ဟု တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောကြားသည်။

 

ယင်းအကြမ်းဖက်စစ်တပ်စခန်းသည် မြိတ်မြို့အခြေစိုက် ခလရ ၁၇ တပ်ရင်းမှ တပ်ရင်းမှူး နှင့် ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် အင်အား ၄၀ ခန့်ဖြင့် အထိုင်ချထားသည့် ရှေ့တန်းစခန်းတစ်ခုဖြစ် ကြောင်း၊ အကြမ်းဖက်စစ်သားများမှ အရပ်ဝတ်များဖြင့် ထွက်ပြေးသွားကြခြင်းဖြစ်ပြီး စခန်းသိမ်း ပိုက်ပြီးနောက် ဧပြီလ ၂၄ ရက် နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက်စစ်တပ် ရဟတ်ယာဉ်တစ်စီးဖြင့် လာရောက် ဗုံးကြဲကာ စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...