Shan State News

Shan State News

ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာ နေအိမ် ၁၇ လုံးထက်မနည်းပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၃

 

ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာ နေအိမ် ၁၇ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း ရှမ်း လူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်သည်။

 

မတ်လ ၂၈ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် မန္တလေးမြို့အနီး ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ပြင်း ၇ ဒသမ ၇ မဂ္ဂနီဂျူ့ပြင်းအားရှိ သောငလျင်နှင့် မိနစ်ပိုင်းသာခြား၍ စစ်ကောင်စီလေတပ်က နောင် ချိုမြို့နယ်၊ နောင် လင်ကျေးရွာ နှင့် ကံကြီးကျေးရွာတို့ကို ဗုံး ၈ လုံးကြဲချခဲ့ရာ နေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၃၀ ရက် မွန်းတည့် ၁၂ နာရီ၀န်းကျင်အချိန်တွင် နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို စစ် ကောင်စီလေတပ်က ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချခဲ့ရာ နေအိမ် အများအပြားပျက်စီးခဲ့ကြောင်း သိရ သည်။

 

မတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီခွဲ၀န်းကျင်တွင် နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို စစ် ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးများကြဲချခဲ့ရာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁ ရက်နေ့ နံနက် ၁၁ နာရီ၀န်းကျင်တွင်လည်း နောင်ချိုမြို့နယ်၊ ဆယ်ကျေးရွာနှင့် အုမ္မသီး ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးများကြဲချခဲ့ရာ အရပ်သား ပြည်သူ ၁ ဦးသေဆုံးပြီး နေ အိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၂၄ မိနစ်၀န်းကျင်တွင် နောင်ချိုမြို့နယ် ၊ တောင်းခမ်းကျေးရွာ အနီးရှိ တောင်လှကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အရပ် သား ၅ ဦးဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း၊ တစ်ချိန် တည်းမှာပင် စစ်ကောင်စီလေတပ် က ရေမောင်းတန်းကျေးရွာနှင့် လွယ်ခွင်ကျေးရွာတို့ကို လေကြောင်း မှ ဗုံးကြဲခဲ့ရာ နေအိမ်အများ အပြားပျက်စီးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ကလေး ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံး

မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ကလေး ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ ပဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၁...