KNU News

KNU News

ကျုံဒိုးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၃

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကျုံဒိုး မြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ဧပြီလ ၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်က ကျုံဒိုး မြို့နယ်၊ မြောက်ကြာအင်းအုပ်စု၊ ဝိဇ္ဇာကုန်းကျေးရွာ အတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် စကခ−၁၂ လက် အောက်ခံ တပ်သစ်အမြှောက်ကုန်းမှ ၁၂၀ မမ လက်နက်ကြီး ၅ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရ သည်။

ထိုသို့ ပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် ဝိဇ္ဇာကုန်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှု ဖြစ်ခဲ့ရာ ယင်းကျေးရွာနေ အသက် ၅၇ နှစ် အရွယ်ရှိ အမျိုးသမီး ၁ ဦးမှာ နှလုံးဖောက်ကာ နောက် ပြန်လဲကျသွား၍ အုတ်ခုံနှင့် ထိခိုက်မိသည့် နှောက်စေ့ ဒဏ် ရာဖြင့် သေဆုံး သွားခဲ့ကြောင်း သိရ သည်။

 

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်သည် တစ်နိုင်ငံလုံးတွင်ရှိသော ပြည်သူလူထုများမှ စစ် ဘေးစစ်ဒဏ်များကြောင့် သော်လည်းကောင်း၊ သဘာဝ ဘေးဒဏ်များကြောင့် သော်လည်းကောင်း အသက်အိုးအိမ် ပစ္စည်းများ ဆုံးရှုံးခဲ့ရပြီး ဒုက္ခရောက်နေချိန်တွင် လူသားခြင်း စာနာထောက်ထားမှု မရှိပဲ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ နှင့် အပြစ်မဲ့ အရပ်သားပြည်သူနေထိုင်သည့်နေရာများအားပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်လျက် ရှိနေကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

Photo – အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ သော အမျိုးသမီးနှင့် လက်နက်ကြီး ကျည် အပိုင်းအစများ။

Thanlwin Myanmar Meida

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော်များအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော်များအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးသေဆုံးပြီး သံဃာတော်များအပါအဝင် ပြည် သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ် ၂၃ ရက်...