Karenni State News

Karenni State News

ဖရူဆိုမြို့အတွင်းရှိ ပြည်သူ့နေအိမ်များကို စစ်ကောင်စီတပ်က အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၆ လုံးထက်မနည်း မီးလောင်ပြာကျ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၃

 

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အတွင်းရှိ ပြည်သူ့နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၆ လုံးထက်မနည်း မီးလောင်ပြာကျခဲ့ကြေင်း KNDF ဗဟို သတင်းနှင့်ပြန် ကြားရေး ဌာနထံမှ သိရသည်။

 

မတ်လ ၃၁ ရက်နေ့က ဖရူဆိုမြို့တွင်းရှိ ပြည်သူလူထု၏ နေအိမ်များကို ဖရူဆိုမြို့မရဲစခန်းတွင် ခြေ ကုပ်ယူထားသော စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားမှု တစ်စုံတစ်ရာမရှိဘဲ အကြောင်းမဲ့ မီးရှို့ဖျက် ဆီးခြင်းများ လုပ်ဆောင်ခဲ့ရာ ဧပြီလ ၁ ရက် ည ပိုင်းအထိ ပြည်သူ့နေအိမ်များ မီးလောင်ကျွမ်းနေခဲ့ပြီး နေအိမ် ၆ လုံးထက်မနည်းမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“ဖရူဆိုမြို့ပေါ်မှာတော့ စစ်ကောင်စီက ဒေသအခြေစိုက်တပ် ၂ တပ်ရှိတယ်။ ၄၂၈ ၊ ၅၃၁ ၊ နောက်ပြီး တော့အမှတ် ၁၄ စစ်လေ့ကျင့်ရေးသင်တန်းကျောင်း အဲဒီ ၃ ခုရှိတယ်ဆိုတော့ အင်အားက ထောင်ချီရှိ သေးတယ်။ ဖရူဆိုမြို့ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲနဲ့ ဒီလိုလူနေရပ်ကွက်တွေကို မီးလိုက်ရှို့နေတာ၊ ဒါကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ပဓာနမထားပဲနဲ့ အဓိက သူတို့တပ်တွေလုံခြုံဖို့ မိုင်းထောင်တာတွေ၊ မြင်ကွင်းရှင်းအောင်လုပ်တာတွေကို စစ်ရေး အရ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။” KNDF ဗဟို သတင်းနှင့်ပြန် ကြားရေး ဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

 

ဖရူဆိုမြို့တွင် တိုက်ပွဲမရှိသည်မှာ ကြာမြင့်ပြီ ဖြစ်ပြီး မြို့တွင်း၌လည်း ဒေသနေပြည်သူလူထုများ နေထိုင်မှုမရှိဘဲ စစ်ဘေးရျောင်နေကြရကြောင်း၊ ဖရူဆိုမြို့တွင်း၌ စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်းတို့ ၏ နောက်လိုက်များသာ နေထိုင်လျက်ရှိကြောင်း သိရသည်။

 

ထို့ကြောင်း စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏မိသားစုဝင်များမှာ ပြည်သူလူထူများ၏ ပစ္စည်း များ၊ နေအိမ်များအား ဖောက်ထွင်းယူဆောင်ခြင်း ၊ မီးရှို့ဖျက်ဆီးနေခြင်း များကို ဥပဒေမဲ့ပြုလုပ်ကာ လူ့အခွင့်ရေးချိုးဖောက်သည့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...