Sagaing News

Sagaing News

မင်းကွန်းဒေသတွင် ငလျင်ကြောင့် ထိခိုက်သေဆုံးသူ ၄၀ နီးပါးရှိပြီး PDF ၊ ဘုန်ကြီးအချို့နှင့် တာဝန် သိပြည်သူအချို့က ဦးဆောင်ကာ ရှင်းလင်းရေးလုပ်ဆောင်နေရ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၃

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် ငလျင်ကြောင့် ထိခိုက်သေဆုံးသူ ၄၀ နီးပါးရှိပြီး PDF ၊ ဘုန်းကြီးအချို့နှင့်တာဝန်သိပြည်သူအချို့က ဦးဆောင်ကာ ရှင်းလင်းရေးလုပ်ဆောင်နေရ ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်တွင်လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းမြေငလျင်ကြောင့် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် ရှေးဟောင်းဘုရာစေတီပုထိုးများ၊ လူနေအိမ်များ၊ တိုက်အိမ် များပြိုကျခဲ့ပြီး သေဆုံးသူ ဦးရေ ၄၀ နီးပါးစာရင်းရရှိထားကြောင်း၊ မြေငလျင်ဘေးမှ လွတ်မြောက် လာသူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆေးရုံ ၊ ဆေးခန်းပို့ဆောင်ကာ ဆေးကုသပေး နေကြောင်း သိရသည်။

“သေဆုံးသူဦးရေ ၄၀ နီးပါး စာရင်းရထားပါတယ်၊ အဲဒီထက်ပိုများဖို့ပဲ ရှိတယ်၊ လက်ရှိအထိ ကယ် ထုတ်နေရတုန်ပါ၊ စစ်ကောင်စီစိုးမိုးထားတဲ့နယ်မြေတွေမှာတော့ မလုပ်နိုင်သေးဘူး။ ဘုန်းကြီး တစ် ချို့နဲ့ တာဝန်သိပြည်သူအချို့ကတော့ ဦးဆောင်ပြီးလုပ်နေပါတယ်။ သေဆုံးသူဦးရေစာရင်းကတော့ စကစဘက်ကအခြမ်းရော၊ ကိုယ့်ဘက်က အခြမ်းရော စုစုပေါင်းပါ။ သေဆုံးတဲ့အထဲမှာ ဘုန်းကြီး၊ သီလရှင်တွေလည်းပါလောက်ပေမယ့် စာရင်းအတိအကျတော့ မရသေးပါဘူး” ဟု ယူနီကွန်း ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

မင်းကွန်းဒေသတွင် မြေငလျင်ကြောင့် ဘုန်းကြီးကျောင်း၊ သောက်သုံးရေတွင်းများလည်း ပျက်စီးခဲ့ သဖြင့် ပြည်သူများမှာ အရေးပေါ် စားစရာ၊ ဆေးဝါး၊ သောက်သုံးရေ၊ နေထိုင် မှီခိုစရာ တဲ၊ အိမ်များ လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပရှိ မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေး စေလိုကြောင်း မေတ္တာရပ်ခံထားသည်။

 

“အဓိကလိုအပ်နေတာတော့ သောက်ရေ၊ သုံးရေအတွက် ရေတွင်းတွေ ပြန်တူးပေးချင်တယ်။ ငလျင် ကြောင့်ဘုန်းကြီးကျောင်းတွေ ပြိုကျလို့ နေစရာကလည်း အဆင်မပြေကြဘူး။ မကြာမီမိုးတွင်း ရောက် တော့မှာဖြစ်လို့ တဲအိမ်လေးတွေဆောက်ပေးချင်တာပါပဲ”ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး -လားရှိုး ရထားလမ်းပေါ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့သော်လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဝါဒဖြန့်ထားသည်။ ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်က နောင်ချိုမြို့နယ်၊...