TNLA News

TNLA News

နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံး ပြီး‌ နေအိမ် ၁ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသနေပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေး ဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၁ ရက် ညနေ ၄ နာရီ ၂၀ မိနစ်က ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA အုပ်ချုပ်သော နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ရွာကို သဲခေါ်ကျေးရွာသို့ ရောက်ရှိနေသောအကြမ်း ဖက် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုရာ ဒေသနေ ပြည်သူ ၁ ဦး သေဆုံးကာ နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၃၁ ရက်ကလည်း နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ၁၂၀ မမ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ မတ်လ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် မြန်မာနိုင်ငံ၌ ပြင်းအား ၇.၇ ရှိသည့် ငလျင်လှုပ်ခတ်ချိန် နောင်လင်ကျေးရွာအတွင်းသို့ စစ် ကောင်စီ တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် ၃ လုံးနှင့် စာသင် ကျောင်း ၂ ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် ငလျင်လှုတ်ခတ်ပြီးနောက်  ၃၁-၃-၂၀၂၅ မှ ၆-၄-၂၀၂၅ အထိ နိုင်ငံတော် အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာသော်လည်း အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်နေကြောင်း TNLA က ပြောဆိုသည်။

 

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်နှင့် လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေး ဆိုင်ရာနည်း လမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦးထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၁၄ ဦး အထိရှိလာပြီဖြစ် ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၅ ရက်...