Disaster News

Disaster News

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ငလျင်ကြောင့် လူဦးရေ ၁၀၀ ကျော်သေဆုံးပြီး နေအိမ် ထောင်ချီပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ငလျင်ကြောင့် လူဦးရေ ၁၀၀ ကျော် သေဆုံးပြီး လူနေအိမ် ထောင်ချီပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများက ထံမှ သိရသည်။

 

မတ်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်က လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြောင့် ညောင်ရွှေ မြို့နယ်၊ အိုင်ကြီးထောင့်ကျေးရွာ၊ ကြေးစားကုန်းကျေးရွာ၊ ကေလာကျေးရွာ၊ ဇရပ် ကြီးကျေးရွာနှင့် ပေပင်အင်းကျေးရွာတို့အပါအဝင် အင်းလေးဒေသ၌ ပြည်သူ ၁၀၀ ကျော် သေဆုံးပြီး လူနေအိမ် ထောင်ချီ ပျက်စီးခဲ့ကြာင်း သိရသည်။

“အင်းလေးဒေသက ရွာတွေဘက်မှ ထိခိုက်ပျက်စီးမှုများပြားပါတယ်။ အခုအထိနေအိမ်တွေမှာ လူ တွေ မနေရဲကြသေးပါဘူး။ ကေလာကျေးရွာဆိုရင် အိမ်ခြေ ၈၀၀ ကျော်နဲ့ ဇရပ်ကြီးကျေးရွာဆိုရင် အိမ်ခြေ ၁၀၀ ကျော် ပျက်စီးပါတယ်။ စုစုပေါင်း သေဆုံးသူ လူဦးရေက ၁၀၀ ကျော်ပါ။” ဟု ဒေသ နေပြည်သူတစ်ဦးက ပြောကြားသည်။

 

ဒေသနေပြည်သူများအနေဖြင့် ညောင်ရွှေမြို့၊ ဘုရားကုန်း စသည့်နေရာများတွင် စုပြုံနေထိုင်ကြရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း၊ ငလျင်ကြောင့် လျှပ်စစ်မီးတိုင်များလည်း ကျိုုးကျ ပျက်စီးခဲ့ကြောင်း သိရသည်။

Photo – ယမန်နေ့ ဧပြီလ ၁ ရက်နေ့တွင် ရိုက်ထားသော အင်းလေးဒေသမှ နေအိမ်ပျက်စီးမှုများ

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ် ပျက်စီး

မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ် ပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ်ထိခိုက်ပျက်စီးခဲ့ ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ အောက်တိုဘာလ ၁၀...