NUG News

NUG News

“ပြည်သူလူထုတရပ်လုံး ခံစားနေရတဲ့ ဘေးဒုက္ခတွေဟာ လတ်တလော အနာသက်သာရုံ၊ “ဆေးမြီး တိုနည်းလောက်နဲ့” အမှန်တကယ် မပျောက်နိုင်ဘူးဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်း တစ်ခုလုံးနဲ့ ဒေသတွင်းနိုင်ငံအားလုံးကို အလေးအနက်ထား သိစေချင်” ဟု နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆို

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂

 

“ပြည်သူလူထုတရပ်လုံး ခံစားနေရတဲ့ ဘေးဒုက္ခတွေဟာ လတ်တလော အနာသက်သာရုံ၊ “ဆေးမြီး တိုနည်းလောက်နဲ့” အမှန်တကယ် မပျောက်နိုင်ဘူးဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်း တစ်ခုလုံးနဲ့ ဒေသတွင်းနိုင်ငံအားလုံးကို အလေးအနက်ထား သိစေချင်” ဟု နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုသည်။

 

ယမန်နေ့ ဧပြီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၀ / ၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အင်အားပြင်းငလျင်ဒဏ်ကြောင့် နိုင်ငံတဝှမ်းလုံး ဝမ်းနည်းပူဆွေး စိတ်ထိခိုက်နေကြချိန်တွင် မင်း အောင်လှိုင် နှင့် စစ်အုပ်စုသည် ကချင်လွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၈ နယ်မြေရှိ သင် တန်းကျောင်းကို မတ်လ ၃၁ ရက် ညပိုင်းက ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သင်တန်းသားလူငယ် ၃၆ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ပြင်း ထန်စွာ ရရှိကြောင်းခဲ့ကြောင်း သိရသည်။

 

“ဒီဆိုးရွားတဲ့ အဖြစ်အပျက်အတွက် KIO/KIA နှင့် ကျဆုံးသွားတဲ့ ရဲဘော် မိသားစုများနှင့် ထပ်တူ ဝမ်း နည်းမိကြောင်း ပြောကြားလိုပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ အာဏာတည်မြဲရေး အတွက် ဆို ရင် ဘယ်အရာကိုမဆို လုပ်ရဲတယ်ဆိုတာကို ပြည်သူတစ်ရပ်လုံးက နားလည်သဘောပေါက်နေပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံ တွေကို အထူး မေတ္တာရပ်ခံလိုတာကတော့ – စစ်မှန်တဲ့ လူထုအစိုးရနဲ့သာ နိုင်ငံ့အတွင်းက ပြည်သူ တို့ရဲ့ ဒုက္ခတွေကို အပြီးဆုံးတိုင် လွတ်မြောက် အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း သိစေချင်ပါ တယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

မြန်မာပြည်သူလူထု တစ်ရပ်လုံးခံစားနေရသည့် ဘေးဒုက္ခများသည် လတ်တလောအနာသက်သာရုံ “ဆေးမြီးတိုနည်းလောက်” ဖြင့် အမှန်တကယ် မပျောက်ကင်းနိုင်ဘူးဆိုတာ နိုင်ငံတကာအသိုင်း အ ဝိုင်းတစ်လုံးနှင့် ဒေသတွင်းနိုင်ငံများအားလုံး သိစေချင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

“ပြည်သူလူထုတရပ်လုံး ခံစားနေရတဲ့ ဘေးဒုက္ခတွေဟာ လတ်တလော အနာသက်သာရုံ၊ “ဆေးမြီး တိုနည်းလောက်နဲ့” အမှန်တကယ် မပျောက်နိုင်ဘူးဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်း တစ်ခုလုံးနဲ့ ဒေသတွင်းနိုင်ငံအားလုံးကို အလေးအနက်ထား သိစေချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သေလု မျောပါးဖြစ်နေတဲ့ တိုင်းပြည်ကို အမြန်ဆုံး သက်သာအောင် ဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းပါ တယ်” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ် ချေမှုန်းနိုင်မှသာ ရိုဟင်ဂျာ အပါအဝင် ပြည်သူတရပ်လုံး လူ့အခွင့်အရေး၊ တရားမျှတရေး ရရှိမည် ဖြစ်ကြောင်း NUG ပြောဆို

အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ် ချေမှုန်းနိုင်မှသာ ရိုဟင်ဂျာ အပါအဝင် ပြည်သူတရပ်လုံး လူ့အခွင့်အရေး၊ တရားမျှတရေး ရရှိမည် ဖြစ်ကြောင်း NUG ပြောဆို

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၆ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနိုင်မှသာ ရိုဟင်ဂျာအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး လူ့အခွင့်အရေး၊ တရားမျှတရေး ရရှိမည်ဖြစ်ကြောင်း NUG အစိုးရက ထုတ်ပြန်ပြောဆိုသည်။ ဩဂုတ်လ ၂၅ ရက်နေ့တွင် ကျရောက်သော "ရိုဟင်ဂျာပြည်သူများ ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်ခံခဲ့ရမှု အဋ္ဌမမြောက်နှစ်ပတ်လည်နေ့ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းပြောဆို ထားခြင်းဖြစ်သည်။ ၂၀၁၇...