Shan State News

Shan State News

ငလျင်ဘေးဒဏ်သင့် အင်းလေးဒေသကို စစ်တပ်နှင့်PNO ပြည်သူ့စစ်များက ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ့နေအိမ် ၃ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ငလျင်ဘေးဒဏ်သင့် အင်လေးဒေသကို စစ်တပ်နှင့် PNO ပြည်သူ့စစ်များက ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် ၃ လုံးပျက်စီးခဲ့ ကြောင်း အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ထံမှ သိရသည်။

 

မတ်လ ၃၁ ရက် နံနက် ၆ နာရီခန့်က ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတောင်ပိုင်းရှိ စစ်ဘေး ရှောင်နေရသော ကျေးရွာ များကို အကြမ်းဖက်စစ်တပ်နှင့် PNA ပြည်သူ့စစ်တို့က ဒရုန်း၊ လက်နက် ကြီးများဖြင့် ၈ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း၊ အလားတူ မတ်လ ၃၁ ရက် ညနေ ၆ နာရီက ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် ၁ လုံးပျက်စီးခဲ့ ကြောင်း သိရသည်။

အဆိုပါ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသသည် ငလျင်ဘေးသင့်ခဲ့ပြီး ပြည်သူများ ထိခိုက်သေဆုံးမှု များပြားကာ ဘုရားစေတီ ပုထိုး၊ နေအိမ်အဆောက်အအုံပေါင်းများစွာ ပျက်စီးခဲ့ကြောင်း၊ ထိုသို့ ငလျင်ဘေးဒဏ်သင့်‌ ဒေသကို စစ်ကောင်စီ၏ စစ်‌တပ်နှင့် PNA/PNO တို့က မကူညီသည့်အပြင် လက်နက်ကြီး ၊ ဒရုန်းများဖြင့် နေ့စဉ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အင်းလေးလူ့အခွင့်အရေး အဖွဲ့ က ထုတ်ပြန်ထားသည်။

 

အင်းလေးဒေသရှိ ရေပေါ်ကျေးရွာများတွင် မြေငလျင်ဒဏ်ကြောင့် သေဆုံးသူ ၈၉ ဦး အထိရှိပြီဖြစ်ပြီး အိမ်ခြေပေါင်း ၂၃၃၇ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

 

နိုင်ငံတဝှမ်း မြေငလျင်ဒဏ်ကြုံနေရချိန်တွင် အကြမ်းဖက် စစ်ကောင်စီက ရှမ်းပြည်အပါအဝင် ကရင် နီပြည် ၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း နှင့် မန္တလေးတိုင်း တို့တွင် လေကြောင်းဖြင့် ဗုံးကျဲမှု ၊ လက်နက် ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်‌နေကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ် ပျက်စီး

မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ် ပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ်ထိခိုက်ပျက်စီးခဲ့ ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ အောက်တိုဘာလ ၁၀...