International News

International News

ငလျင်ဒဏ်သင့် ဒေသများကို စစ်တပ်က စစ်ဆင်ရေးများ လုပ်ဆောင်နေခြင်းကို ချက်ချင်းရပ်တန့်ရန် နှင့် စစ်မက်တွင်ပါဝင်နေသူများအားလုံး စစ်ပွဲရပ်တန့်ပြီး အသက်ကယ်ဆယ်ရေးကို အာရုံစိုက်လုပ် ဆောင်ပေးကြပါရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က တောင်းဆို

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁

 

ငလျင်ဒဏ်သင့် ဒေသများကို စစ်တပ်က စစ်ဆင်ရေးများ လုပ်ဆောင်နေခြင်းကို ချက်ချင်းရပ်တန့်ရန် နှင့် စစ်မက်တွင်ပါဝင်နေသူများ အားလုံး စစ်ပွဲရပ်တန့်၍ အသက်ကယ်ဆယ်ရေးလုပ်ငန်းများကို အာရုံစိုက်လုပ် ဆောင် ပေးကြပါရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘစ် ရှော့က တောင်းဆိုလိုက်သည်။

 

ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ယခင်ကတည်းက ဆိုးရွားနေပြီးဖြစ်သည့် အခြေအနေများ ပိုမိုဆိုး ရွားလာသည့် မြန်မာပြည်သူပြည်သားများနှင့်အတူ တသားတည်းရပ်တည်လျက်ရှိကြောင်း ငလျင် ဒဏ်ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူများ၏ ဆင်းရဲဒုက္ခများအတွက် များစွာ ဝမ်းနည်းကြေကွဲရပါကြောင်း အသိပေးထားသည်။

“ပျက်စီးဆုံးရှုံးမှုများ ကြီးမားပြင်းထန်သောကြောင့် များစွာသော ငလျင်ဘေးသင့်ခဲ့သူများထံ ယခုထိ ဆက်သွယ်ရန် မဖြစ်နိုင်သေးပါ။ ငလျင်သည် မြန်မာပြည်သူပြည်သားများ ကြုံတွေ့နေရသည့် ပိုမို နက်ရှိုင်းသည့် အားနည်းချက်များကို ပေါ်လွင်စေပြီး၊ ပိုမိုကျယ်ပြန့်လာသည့် အကျပ်အတည်းကို နိုင် ငံ တကာမှ ဆက်လက် အာရုံစိုက်ရန် လိုအပ်ကြောင်း ထင်ပေါ်စေခဲ့သည်။ လူသားချင်းစာနာမှု ဆိုင် ရာ အကူအညီပေးရေးလုပ်ငန်းများအတွက် အဖက်ဖက်မှ အရေးတကြီး လမ်းဖွင့်ပေးရမည် ဖြစ်ပြီး အကူအညီပေးရေး လုပ်သားများကို လည်း ဘေးကင်းလုံခြုံစွာ လှုပ်ရှားဆောင်ရွက်နိုင်စေရမည်ဖြစ် သည်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က ပြောဆိုသည်။

 

ထို့အပြင် သဘာဝဘေးဒဏ်သင့်ခဲ့သည့် ဒေသများတွင် စစ်တပ်က စစ်ရေးလုပ်ဆောင်မှုများ ဆက် လက် လုပ်ဆောင်းနေခြင်းသည် နောက်ထပ် အသက်ဆုံးရှုံးမှုများ ရှိလာနိုင်သည့်အပြင် တုံ့ပြန် ဆောင်ရွက်ရေးများ လုပ်ဆောင်ရန် အရေးပါသည့် ပူးတွဲတာဝန်ကိုပါ ထိခိုက်စေနိုင်ကြောင်း အသိ ပေးထားသည်။

 

အကြမ်းဖက်မှု မည်သည့်ပုံစံကို မဆို ရှုတ်ချကြောင်း၊ ပဋိပက္ခတွင် ပါဝင် ပတ်သက်သူအားလုံးအနေ ဖြင့် စစ်မက်ပြုခြင်းတွေကိုချက်ချင်းရပ်တန့်ရန်နှင့် အကူအညီပေးရေးလုပ်သားများအပါအဝင် အရပ် သားပြည်သူများကို ကာကွယ်စောင့်ရှောက်ရေးနှင့် အသက်ကယ်အကူ အညီများပေးပို့ရေးတို့တွင် သာ ၎င်းတို့၏ အားထုတ်မှုများကို အာရုံစိုက်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ် စားလှယ် ဂျူလီ ဘစ်ရှော့က တောင်းဆိုထားသည်။

 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့သည်ပြီးခဲ့သည့် ရက်သတ္တပတ် က မြန်မာနိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယ နိုင်ငံများသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး ဒေသတွင်း စိုး ရိမ်ပူပန်မှုများကို ဆွေးနွေးဖလှယ်ခဲ့သည့်အပြင် မြန်မာ ပြည်တွင်း ဝင်ရောက် သွားလာခွင့်နှင့် အကူ အညီများ ပံ့ပိုးနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အထူးကိုယ်စားလှယ်အနေဖြင့် ငလျင်၏ အကျိုးဆက်များနှင့် နိုင်ငံရေး အကျပ်အတည်းကြောင့် ပိုမို ကျယ်ပြန့်လာနေသည့် ဒေသတွင်း သက်ရောက်မှုများအတွက် သဟဇာတရှိပြီး အားလုံးပါဝင်သော အခြေခံမူများနှင့်အညီ တုံ့ပြန်ဆောင်ရွက်မှုများကို ထောက်ခံအးပေးရန်အတွက် မကြာမီ ဒေသတွင်း သို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်ကြောင်း၊ ယင်းခရီးစဉ်တွင် အာဆီယံအထူးကိုယ်စားလှယ်နှင့် အ နီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

ကုလသမဂ္ဂ၏ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တို့၏ ပံ့ပိုးမှုဖြင့် မြန်မာ့အိမ်နီးချင်းနိုင်ငံများ၊ တခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေသည့်အပြင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့၊ အရေးပေါ် ကယ် ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးတို့နှင့် ဆက်လက်၍ နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်နေ သည်ဟု ဆိုသည်။

 

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံ၏ ယန္တရားများ အပါအဝင် နိုင်ငံများစွာတို့မှ ချက် ချင်း ပံ့ပိုးကူညီမှုများ ပေးခဲ့ကြောင်း၊ အထူးကိုယ်စားလှယ်အနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံများနှင့် အ ခြား အလှူရှင်များထံသို့ တုံ့ပြန်ဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်နိုင်ရေးအတွက် လိုအပ်သလို အသုံး ပြုနိုင်သည့် ရန်ပုံငွေများ အလျင်အမြန် ထောက်ပံ့ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

 

နယ်မြေဒေသဆိုင်ရာ ထိန်းချုပ်မှုမရှိဘဲ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ စံနှုန်းများနှင့်အညီ ရရှိနိုင်သည့် လမ်းကြောင်းများနှင့် ပါဝင်ပတ်သက်သူများမှတဆင့် ဘေးဒဏ်သင့် ပြည်သူများနှင့် ဒေသ များဆီသို့ လုံခြုံစိတ်ချရပြီး အတားအဆီးမရှိ ဝင်ရောက်ခွင့် ရရှိရမည်ဖြစ်ကြောင်း ၊ ရောက်ရှိ ရန်ခက်ခဲသောနေရာများတွင် လှုပ်ရှားဆောင်ရွက်နေကြသည့် ရပ်ရွာအခြေပြု တုံ့ပြန် ဆောင် ရွက် နေသူများသည် ရှေ့လာမည့်နေ့ရက်များတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာ မည်ဖြစ် ကြောင်း အသိပေးထားသည်။

 

ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းတစ်ခုတွင် အကြမ်းဖက်မှု အဆုံးသတ်ရန် လိုအပ်ပြီး ကုလ သမဂ္ဂ နှင့် မိတ်ဖက်အဖွဲ့အစည်းများအား လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ အထူးသဖြင့် ထိခိုက်လွယ်ဆုံးနှင့် အမေ့လျော့ခံ ပြည်သူများကြား ဖြေရှင်းဆောင်ရွက်နိုင်ရန် ကန့်သတ်ချက်မရှိ ဝင်ရောက်ခွင့်လည်းလိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ UAB ဘဏ်ကို ဝန် ဆောင်မှုပေးသူအဖြစ် ဆောင်ရွက်နေသည့် ဂျပန်ငွေပေးချေရေးကုမ္ပဏီ JCB ကို ဆန်းစစ်ပေးရန် တောင်းဆို

နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ UAB ဘဏ်ကို ဝန် ဆောင်မှုပေးသူအဖြစ် ဆောင်ရွက်နေသည့် ဂျပန်ငွေပေးချေရေးကုမ္ပဏီ JCB ကို ဆန်းစစ်ပေးရန် တောင်းဆို

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၆ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ UAB ဘဏ်ကို ဝန်ဆောင်မှုပေးသူအဖြစ် ဆောင်ရွက်နေသည့် ဂျပန်ငွေပေးချေရေးကုမ္ပဏီ JCB ကို ဆန်း စစ်ပေးရန် တောင်းဆို Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်သည်။ UAB ဘဏ်သည် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများ...