TNLA News

TNLA News

မြန်မာနိုင်ငံတွင် ပြည်သူလူထုများ ကပ်ဘေးအန္တရာယ်ကြုံနေရချိန် စစ်ကောင်စီတပ်မှ  နောင်ချိုမြို့ နယ်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မတ်လ ၃၁

 

မြန်မာနိုင်ငံတွင် ပြည်သူလူထုများ ကပ်ဘေးအန္တရာယ်ကြုံနေရချိန် စစ်ကောင်စီတပ်က နောင်ချိုမြို့ နယ်၊ ကျောက်ကြမ်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့မတ်လ ၃၁ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်က ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA အုပ်ချုပ်သော နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို စစ်ကောင်စီတပ်က ၁၂၀ မမ ဗုံးသီးသယ်ဆောင်လာသည့် ဒရုန်းဖြင့် တစ်ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီး မှုရှိခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် မတ်လ ၂၈ ရက်လည်း မြန်မာနိုင်ငံတွင် ပြင်းအား ၇.၇ရှိသည့် ငလျင်လှုပ်ခတ်ချိန် မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် နောင်ချိုမြို့နယ် ၊ နောင်လင်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး  ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် ၃ လုံးနှင့် စာသင်ကျောင်း ၂ ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၂၆ ရက်လည်း နောင်ချိုမြိုနယ်၊ အုမ္မခါးကျေးရွာ၊ သုံးဆယ်ကျေးရွာနှင့် ရွှေညောင် ပင်ကျေးရွာတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ မြေငလျင် ဒဏ်ခံစားခဲ့ရသော ပြည်သူများအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် စစ်ကောင်စီတပ်က သတ်မှတ် ကြေညာသော်လည်း အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ် ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေး ဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...