Magway News

Magway News

ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာ ၄ ရွာကို ရော့ကတ်လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပျူစောထီး ၁ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၃၁

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစောထီးရွာ ၄ ရွာကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း Cobra One Pakokku တပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၈ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်က ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူစောထီးကျေးရွာကို ရော့ ကတ်လက်နက်ကြီးဖြင့် ၃ လုံး၊ မတ်လ ၂၉ ရက် နံနက် ၉ နာရီ ၁၅ မိနစ်က ညောင်ဂျစ်ပင်ရွာ ပျူစော ထီးစခန်းကို ရော့ကတ် ၃ လုံးနှင့် နံနက် ၁၁ နာရီအချိန်တွင် အနောက်မကျည်းကန် ပျူစောထီးကျေး ရွာကို ၃ လုံး၊ မတ်လ ၃၀ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် အောင်သာပျူစောထီးကျေးရွာကို ရော့ ကတ်လက်နက်ကြီးဖြင့် ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အနောက် မကျီးကန်ရွာက ပျူစောထီးမတစ်ဦးသေတယ်လို့ သိရတယ်။ လက်နက်ကြီးနဲ့တိုက်တဲ့ အချိန်မှာ အနောက် မကျီးကန်ရွာက ပျူစောထီးတွေဟာ အောင်သာရွာဘက်ကို ထွက်ပြေးသွားပါ တယ်။ စခန်းသိမ်းခဲ့တာမဟုတ်ပါဘူး။ ရော့ကတ်နဲ့ပစ်တော့ လန့်ပြီးထွက်ပြေးတာပါ။ အခုတော့ ရွာထဲ ပြန်ဝင်နေကြပါပြီ။ အခုလက်ရှိတော့ ရွာထဲကို အင်အားတွေထပ်ဖြည့်ထားတယ်လို့ သိရပါ တယ်” ဟု Cobra One Pakokku တပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်မြွေဟောက်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဧရာဒေါင်းတပ်ဖွဲ့နှင့်COBRA ONE Pakokku တပ်ဖွဲ့ တို့ ပူးပေါင်းကာ ဘုရင် စစ်ဆင်ရေး အမှတ်စဉ် ၁ အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်သတင်း စက်တင်ဘာလ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး‌ သေဆုံးပြီး စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်း သူပုန်အပါအဝင် ၇ ဦး ဖမ်းဆီးရရှိ ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက...