International News

International News

မြေငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဩစတေးလျနိုင်ငံက ဒေါ်လာ ၂ သန်းကို ICRC မှ တ ဆင့် ထောက်ပံ့ကူညီမည်၊ စစ်အာဏာရှင်အဖွဲ့အစည်းအတွက် မည်သည့်အကူအညီမျှပေးအပ်ခြင်း မရှိသလို တရားဝင်မှုမဖြစ်စေရန် အသေအချာကြိုတင်ပြင်ဆင်မည်ဟု ဩစတေးလျထုတ်ပြန်

 

သံလွင်မြန်မာသတင်း

မတ်လ ၃၁

 

မြန်မာနိုင်ငံတွင် မြေငလျင်ဘေးဒဏ်သင့်သူများအတွက် ဒေါ်လာ ၂ သန်းကို International Committee of the Red Cross (ICRC) မှတစ်ဆင့် ထောက်ပံ့ကူညီပေးသွာမည်ဖြစ်ကြောင်း ယနေ့ မတ်လ ၃၀ ရက်နေ့တွင်တွင် ထုတ်ပြန်သည်။

 

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ပြင်းအား မဂ္ဂနီကျု ၇.၇ အဆင့်ရှိ မြေငလျင်ပြီးသည့်နောက် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများကို အဆောတလျင်လုပ်ဆောင်နိုင်ရန်အတွက် သြစတြေးလျ မှ ကနဦး ‌ဒေါ်လာ ၂ သန်းကို International Committee of the Red Cross (ICRC) မှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နှင့်ပြီးဖြစ်သော ဆိုးရွားသည့်လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေကို ပိုမို ခက်ခဲစေခဲ့သည့် ဤဖြစ်ရပ်ဆိုးကြောင့် ထိခိုက်ခံစားခဲ့ရသူများအားလုံးအတွက် များစွာဝမ်းနည်းကြေ ကွဲရပါကြောင်း၊  အဆိုပါငလျင်သည် မန္တလေး၊ နေပြည်တော်နှင့် ပတ်ဝန်းကျင်ဒေသတို့တွင် လူ့ အ သက် နှင့်အခြေခံအဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်စေခဲ့ပြီး ဆေးရုံများတွင်လည်း လူနာ များဖြင့်ပြည့်နှက်နေစေခဲ့ကြောင်း ပြောဆိုသည်။

အလားတူ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများအပေါ်လည်း သက်ရောက်ခဲ့သည်ဟု ဆိုသည်။

 

သြစတြေးလျ၏အကူအညီသည် ICRC အနေနှင့် အရေးပေါ်ကျန်းမာရေးဆိုင်ရာ အကူအညီများပေး အပ်ခြင်းအပါအဝင် အသက်ကယ်ဆယ်ရေးပံ့ပိုးမှုများကိုချက်ချင်းလုပ်ဆောင်နိုင်စေရန် အထောက် အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

 

အမိုးအကာ၊ အစားအစာနှင့် သောက်သုံးရေတို့ကဲ့သို့သော အဆောတလျင်လိုအပ်ချက်များ ကိုဖြည့် ဆည်းပေးနိုင်ရန်အတွက် UN Central Emergency Response Fund (CERF) မှ အမေရိကန် ဒေါ်လာ ၅ သန်းပေးအပ်ခြင်းကိုလည်း ကြိုဆိုကြောင်း၊ သြစတြေးလျသည် CERF ၏ ကာလရှည်ပံ့ပိုး ကူညီသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

မြန်မာနိုင်ငံတွင်ဆက်လက်ဖြစ်ပွားလျက်ရှိသည့်အကျပ်အတည်းသည် မိမိတို့ဒေသ၏တည်ငြိမ်ရေး အတွက် အဓိကခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း၊ ပိုမိုဆိုးရွားလာနေသော လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေကို တုံ့ပြန်ဆောင်ရွက်နိုင်ရန် သြစတြေးလျမှ ဆက်လက်ကူညီပံ့ပိုးနေကြောင်း အသိပေး ထားသည်။

 

သြစတြေးလျအနေဖြင့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းထံသို့ မည်သည့်တိုက်ရိုက်အကူအညီမှ ပေးအပ်ခြင်းမရှိသလို မြန်မာနိုင်ငံအတွက် မိမိတို့၏အကူအညီများသည် စစ်အာဏာရှင်အဖွဲ့ အစည်း ကို တရားဝင်စေမှုမဖြစ်စေရန် အသေအချာကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများက အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆင်ရေးနှင့် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေ

တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများက အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆင်ရေးနှင့် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများက အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆင်ရေးနှင့် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေကြောင်း Justic For Myanmar က ထုတ်ပြန် သည်။ မြန်မာနိုင်ငံသို့ ရောင်းချ တပ်ဆင် အကောင်အထည်ဖော်ဆောင်ရာတွင် တရုတ်အစိုးရနှင့် ဆက်နွှယ် သည့်...