KIO/KIA News

KIO/KIA News

မြေငလျင်ဒဏ်သင့် မြို့၊ရွာ ပြန်လည်ထူထောင်ရေး လုပ်ငန်းနှင့် လူသားချင်းစာနာထောက်ထားသော အကူအညီများကို ပံ့ပိုးကူညီသွားမည်ဟု KIO ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

မတ်လ ၃၁

 

မြေငလျင်ဒဏ်သင့် မြို့၊ရွာ ပြန်လည်ထူထောင်ရေး လုပ်ငန်းနှင့် လူသားချင်းစာနာထောက်ထားသော အကူအညီများကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း KIO က ယနေ့မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန် အသိပေးထားသည်။

 

မတ်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်က မန္တလေးမြို့၏ အရှေ့မြောက် ၂ဝ ကီလိုမီတာခန့် အ ကွာတွင် ဗဟိုပြုလျက် Richter Scale (7.7) အဆင့်ရှိ အင်းအားအလွန်ပြင်းထန်သော မြေငလျင် လှုပ်ခဲ့ကာ အင်အားပြင်း မြေငလျင်များ ဆင့်ကဲထပ်မံ လှုပ်ရှားသွားခဲ့ကြောင်း ကြားသိရသဖြင့် များစွာစိုးရိမ်တုန်လှုပ်ရပါကြောင်း ပြောဆိုထားသည်။

ယင်းအင်အားအလွန်ပြင်း မြေငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ မြို့၊ရွာများတွင် လူ့အသက်များစွာ သေဆုံးခြင်း၊ ပျောက်ဆုံးခြင်း၊ ထိခိုက်ဒါဏ်ရာရခြင်း၊ လူနေအိမ်များ၊ အဆောက်အဦးများ ပြိုပျက် ပျက်စီးခြင်း၊ လမ်းတံတားများ ပြိုကျခြင်းနှင့် လူနေမှုဘဝများစွာ ပျက်စီးဆုံးရှုံးခြင်း ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါသဖြင့် KIO နှင့် ကချင်လူထုတရပ်လုံးကလည်း သဘာဝ ဘေးဒဏ်ကြုံတွေ့နေရသူများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရ ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

KIO တပ်ဖွဲ့ဝင်များအနေဖြင့် မြေငလျင်ဘေးဒဏ်သင့်ဒေသများသို့ သွားရောက် အကူအညီပေးရန် အ ခက်အခဲရှိနေသော်လည်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို နေ့ညမပြတ် အားကျိုးမာန်တက် ဆောင်ရွက်နေကြသော အသင်းအဖွဲ့များကိုလည်းကောင်း၊ လူပုဂ္ဂိုလ် တဦးချင်းစီကိုလည်းကောင်း၊ နိုင်ငံတကာမှ လာရောက်ကူညီသည့် အဖွဲ့အစည်း များကိုလည်း အထူးလေးစား ကျေးဇူးတင်ရှိ ကြောင်း နှင့် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ဆက်လက် ဖော်ပြထားသည်။

 

မြေငလျင်ဘေးဒါဏ်ခံစားရသော ဒေသများမှ ပြည်သူများ၊ ကျန်ရစ်သူမိသားစုဆွေမျိုးသားချင်းများ အပေါ် တနိုင်ငံလုံးရှိမိဘပြည်သူများနှင့်ထပ်တူ အထူးဝမ်းနည်းရပြီး မြို့၊ရွာ ပြန်လည်ထူထောင်ရေး လုပ်ငန်းနှင့် လူသားချင်းစာနာထောက်ထားသော အကူအညီများကို KIO နှင့် ကချင်လူထု တရပ်လုံး က တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...