Myingyan News

Myingyan News

တလုပ်မြို့အထိုင်စခန်းမှ ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး

 

D Day News

ဧပြီလ ၂၄

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တလုပ်မြို့အထိုင်စခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Myingyan Tiger တပ်ဖွဲ့ထံမှ သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့က အင်အား ၂၀၀ ခန့်ဖြင့် မြင်းခြံမြို့နယ် တလုတ်အထိုင်စခန်းမှ ဆင် ချောင်းရွာဘက်သို့ စစ်ကြောင်းထိုးပြီး ပြည်သူ့အိုးအိမ်များကာ မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၆ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Tiger တပ်ဖွဲ့နှင့် နှင့် Myingyan 21 အဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဆင်ချောင်းကျေးရွာကို စစ်ကြောင်းထိုးပြီးနောက် ၂ ရက်ခန့်အကြာ ဧပြီလ ၈ ရက်နေ့တွင် တလုပ်မြို့အထိုင်စခန်းမှ မြင်းခြံမြို့နယ်၊ တောပုကျေးရွာဘက်သို့ ထပ်မံစစ်ကြောင်းထိုးလာကာ

မြင်းခြံခရိုင်တပ်ရင်း ၂ မှ ရဲဘော်တစ်ဦးကို ရက်စက်စွာ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မြင်းခြံခရိုင်တပ်ရင်း (၂) (Myingyan Tiger/ Myingyan Ranger/Myingyan 21 Guerilla Force /PDF Taloke) မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...